သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-05-25
ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်အရာရှိတွေကို ခေါ်ယူသင်တန်းပေးနေတာတွေ မရပ်တန့်တဲ့အတွက် စစ်တပ်က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ပါဝင်ကူညီသူ ဖြစ်နေပြီလို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Phil Robertson က ပြောပါတယ်။
2022-05-25
သူတို့နှစ်ယောက်ကို ဓားစာခံအဖြစ်ဖမ်းခေါ်သွားပြီးနောက် ပစ်သတ်လိုက်တာဖြစ်ပြီး အလောင်းတွေကို သုဿန်အနီးမှာ လာပစ်သွားတာလို့ ဆိုပါတယ်။
2022-05-25
အာဏာသိမ်း စစ်အစိုးရကို အလိုမရှိကြောင်း ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက်က မန္တလေးမြို့ လမ်း ၃ဝ မှာရှိတဲ့ မန္တလေးဆေးတက္ကသိုလ်ရှေ့မှာ ဒေါက်တာ တေဇာစန်းအပါအဝင် လူငယ် ၂ဝ ကျော် ဆန္ဒပြခဲ့ကြတာပါ။
2022-05-25
“ဘယ်လိုလုပ်ယုံကြည်လို့ရပါ့မလဲ၊ ပြည်တွင်းမှာရှိတဲ့လူတွေတောင် တည်ငြိမ်အေးချမ်းစွာမနေရဘူး၊ ကျွန်တော်တို့ကို ဒီကနေခေါပြီးတော့ အေးချမ်းစွာနေရမယ်ဆိုတာကို ဘယ်စိတ်ချလို့ရပါ့မလဲ၊ တန်းတူ အခွင့်အရေးဆိုတာ ဘာမှရတာ မရှိပါဘူး။”
2022-05-25
WFP ရဲ့ မြန်မာဌာနေကိုယ်စားလှယ် Mr Anderson က ဒိန်းမတ်ရဲ့ လှူဒါန်းငွေတွေကို မြန်မာနိုင်ငံတစ်ဝန်းလုံးက အရေးပေါ် အကူအညီလိုနေသူတွေဆီ ပေးသွားမယ်လို့ ဆိုပါတယ်။
2022-05-25
စစ်တပ်က အာဏာသိမ်းပြီးနောက် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ရာမှာ လူ ၁၇ဝ နီးပါး အသတ်ခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မေလ ၂၅ ရက်နေ့က ကြေညာလိုက်ပါတယ်။
2022-05-25
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ NUG Pay ငွေကြေးဝန်ဆောင်မှု အပလီကေးရှင်းကို Andriod ဖုန်းအမျိုးအစားတွေမှာ ဇွန်လမှာ စတင်သုံးစွဲနိုင်တော့မယ်လို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက RFA ကို ပြောပါတယ်။
2022-05-25
ဒီအခြေအနေကို “တရားစီရင်ရေးစနစ်ပြန်ပေးဆွဲခံရမှု” - လို့ ဖော်ပြထားပြီး၊ လူ့အခွင့်အရေးရှေ့နေတွေဖြစ်တဲ့ Francois Zimeray နဲ့ Jessica Finelle တို့က UNWGAD လို့ခေါ်တဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံရမှုဆိုင်ရာ ကုလသမဂ္ဂအလုပ်အဖွဲ့ရုံးမှာ မိသားစုကိုယ်စား တိုင်ကြားခဲ့တာဖြစ်ပါတယ်။
2022-05-25
ဦးခန်လင်ဟာ ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ပူတာအိုမြို့နယ် ပြည်နယ်အမှတ်(၂)က ဝင်ယောက် ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး NLD အစိုးရ လက်ထက်မှာ ကချင်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
2022-05-25
စစ်ကောင်စီတပ်သားတွေဟာ အခုလက်ရှိ ရွာထဲမှာ တပ်စွဲထားပြီး သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေ ကျန်နေသေးတဲ့အတွက် စိုးရိမ်နေရတယ်လို့ ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
2022-05-25
ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF) ကို ထောက်ခံကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သူတို့နှစ်ဦးကို လာဖမ်းသွားတာလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
2022-05-25
နိုင်ငံရေးအကဲခတ်တွေကတော့ ဒီဆွေးနွေးပွဲတွေဟာ အာဏာသိမ်းပြီးတဲ့နောက် ဖြစ်လာတဲ့ နိုင်ငံတစ်ဝန်းက ပဋိပက္ခတွေကို စစ်ကောင်စီဥက္ကဋ္ဌဘက်က အာရုံလွှဲလိုတဲ့ လုပ်ရပ်လို့ သုံးသပ်ပါတယ်။
2022-05-25
ကရင်ပြည်နယ် သံတောင်ကြီးမြို့မှာ အများစုက ကွမ်းသီး၊ ဖာလာ၊ လက်ဖက်နဲ့ ကော်ဖီ စိုက်ပျိုးပြီး အသက် မွေးကြပါတယ်။
2022-05-25
စစ်ကိုင်းတိုင်းမှာ အရပ်သားတွေရဲ့ နေအိမ်တွေ နေ့စဉ်လိုလို မီးရှို့ခံနေရဆဲဖြစ်ပြီး RFA က ကောက်ယူထားတဲ့ အချက်အလက်တွေအရ ဧပြီလ ၁ ရက်နေ့ကနေ မေလ ၂၄ ရက် မနေ့ကအထိ အချိန်နှစ်လနီးပါးအတွင်း ကလေး၊ ခင်ဦး၊ မင်းကင်း၊ ပုလဲ၊ ရွှေဘို၊ မြင်းမူ၊ ဝက်လက်၊ ယင်းမာပင်၊ ကန့်ဘလူ၊ ချောင်းဦး စတဲ့ မြို့နယ်ပေါင်း ၁၉ ခုမှာ မီးရှို့ခံရတဲ့အိမ်ပေါင်း ၆၂၈၁ လုံး ရှိနေပါတယ်။
2022-05-25
ရှမ်းပြည်တောင်ပိုင်းကို ရောက်နေတဲ့ ကယားပြည်နယ်ထဲက စစ်ဘေးဒုက္ခသည် ၉၀၀၀ ကျော်ကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကနေ စားနပ်ရိက္ခာနဲ့ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးနေတယ်လို့ UNHCR က မေလ ၂၄ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။