သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-09-22
အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် အိုင်အယ်လ်အို ဌာနေရုံးက ကူညီ ဆောင်ရွက်ပေးတဲ့အတွက် အသက် ၁၆ နှစ်နဲ့ စစ်တပ်ထဲရောက်သွားခဲ့တဲ့ ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်က မောင်လှမင်းကို သူ တာဝန်ကျနေတဲ့ တပ်စခန်းကနေ မိဘတွေထံ ပြန်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
2010-09-22
မြန်မာစစ်အစိုးရတပ်တွေက ရှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း တပ်မဟာ (၁) လက်အောက်ခံ တပ်တွေကို ဒီလအတွင်း ၂ ကြိမ်တိုင်တိုင် တိုက်ခဲ့တယ်လို့ သိရပါတယ်။
2010-09-22
မြန်မာစစ်အစိုးရရဲ့ လူ့အခွင့််အရေး ချိုးဖောက်မှုတွေကို သွားရောက်စုံစမ်းနိုင်မဲ့ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်တရပ် ပေါ်ပေါက်လာရေးအတွက် ဂျပန်အစိုးရက တရားဝင် ထောက်ခံပေးဖို့ ဂျပန် NGO ၅ ဖွဲ့က စက်တင်ဘာ ၂၁ ရက် မနေ့က တောင်းဆိုလိုက်ကြောင်း သိရပါတယ်။
2010-09-22
မြန်မာနိုင်ငံတွင်းက စစ်ရာဇဝတ်မှုတွေအတွက် ကုလသမဂ္ဂက စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေး အဆိုပြုချက်ကို အီးယူ ဥရောပသမဂ္ဂ အဖွဲ့ဝင် နယ်သာလန် အစိုးရကလည်း ထောက်ခံလိုက်ပြီ ဖြစ်ကြောင်း နယ်သာလန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင် အာရှနိုင်ငံများဆိုင်ရာ အကြီးတန်းအရာရှိ Jetty Kouwen က RFA ကို စက်တင်ဘာ ၂၂ ရက် ဒီကနေ့ အတည်ပြု ပြောဆိုပါတယ်။
2010-09-22
ပြီးခဲ့တဲ့ ၁၅ ရက်နေ့က စတင်ပြီး စစ်အစိုးရ ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံရတဲ့ ရန်ကုန်က တက္ကသိုလ်ကျောင်းသားတွေဟာ စုစုပေါင်း ၁၁ ဦး ရှိသွားပြီလို့ သတင်းရရှိပါတယ်။ သူတို့ကို ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နဲ့ သတင်းတပ်ဖွဲ့တွေက ဖမ်းဆီးထားပြီး စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရှိရပါတယ်။
2010-09-22
အမေရိကန် နိုင်ငံက အစိုးရမဟုတ်တဲ့ မဟုတ်တဲ့ အဖွဲ့အစည်းတွေက NLD ပါတီကို အကူအညီပေးဖို့ ကမ်းလှမ်းလာကြောင်း NLD ပါတီက ထုတ်ဖော်ပြောဆိုပါတယ်။
2010-09-22
ချင်းပြည်နယ်ကနေ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်လောင်း နှစ်ဦးနဲ့ မဆလ တဖြစ်လဲ တစညပါတီက ကိုယ်စားလှယ်လောင်းတဦးတို့ကို ဝင်ရောက် အရွေးခံဖို့ အရည်အချင်း မပြည့်မီဘူး ဆိုပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချလိုက်တယ်လို့ သိရပါတယ်။
2010-09-21
စက်တင်ဘာ ၂၁ ရက် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အကျဉ်းကျ နိုင်ငံရေး အကျဉ်းသားတွေ၊ သံဃာတော်တွေနဲ့ ကျောင်းသားတွေကို လွတ်မြောက်ရေး ရည်စူးပြီး ရန်ကုန်တိုင်း အလုံမြို့နယ် NLD လူငယ်တွေနဲ့ ၂၀၀၇ သံဃာ့အရေးအခင်း အကြမ်းမဖက် အမျိုးသားရေး လှုပ်ရှားမှုအဖွဲ့က လူငယ်တွေ စုပေါင်းပြီး အလုံ NLD ရုံးမှာ ဆွမ်းကပ် အလှူအတန်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
2010-09-21
မြန်မာနိုင်ငံအတွင်း စစ်အစိုးရ အာဏာပိုင်တွေက ကျုးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်တရပ်ဖွဲ့ အရေးယူဖို့ ကိစ္စကို နယူးဇီလန်အစိုးရက ထောက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2010-09-21
ရွေးကောက်ပွဲဝင်မဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၁၄ ဦးရဲ့ သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာ ၂၁ ရက် ဒီကနေ့ ကုန်သည်ကြီးများ ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။ အနာဂတ် မြန်မာနိုင်ငံမှာ အာဏာရှင်စနစ် မပေါ်ထွန်းရေးအတွက် ဒီမိုကရေစီ လိုလားတဲ့ တသီးပုဂ္ဂလိက ကိုယ်စားလှယ်လောင်းတွေ စုပေါင်းပြီး သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
2010-09-21
စစ်အစိုးရနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်နေတဲ့ KIO ကချင်လွတ်မြောက်ရေး တပ်မတော်အနေနဲ့ စစ်ရေးနဲ့ ပတ်သက်တဲ့ မဟာဗျူဟာများ ချပြီး ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ ကေအိုင်အို အရာရှိတွေထံက သိရှိရပါတယ်။
2010-09-21
NLD ပါတီ ကိုစစ်အစိုးရက ဖျက်သိမ်းတယ်လို့ ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်ကို ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ဗြိတိသျှ သံရုံးအရာရှိတွေက ဒီကနေ့ ပါတီဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကို လာရောက်တွေ့ဆုံပြီး မေးမြန်းတယ်လို သိရပါတယ်။
2010-09-20
ဧရာဝတီတိုင်း ကျုံပျော်မြို့မှာ စစ်တပ်က ထွက်ပြေးသူ တပ်သားတဦးကို အာဏာပိုင်တွေက ဖမ်းဆီးထားစဉ် သေဆုံးသွားတယ်လို့ သိရပါတယ်။ တပ်သား သေဆုံးကြောင်း စစ်တပ်က အကြောင်းကြားလာတဲ့ အတွက် အခုလို သိရတာလို့ မိသားစုက ဆိုပါတယ်။
2010-09-20
ပဲခူးတိုင်း တောင်ငူမြို့က အသက် ၁၄ နှစ်အရွယ် လူငယ်တဦးကို တောင်ငူမြို့၊ အမြောက်တပ်ရင်း ၁၀၁၅ က အရာခံဗိုလ် တဦးက လိမ်လည် ခေါ်ဆောင်ပြီး၊ ကျောက်ဆည်အခြေစိုက် လေကြောင်းရန် ကာကွယ်ရေး အလုပ်ရုံတပ်ရင်း လလရ (၇) ကို ရောင်းစားပြီး ကလေးစစ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းခဲ့တယ်လို့ သိရပါတယ်။
2010-09-20
ဖိလစ်ပိုင်နိုင်ငံအခြေစိုက် အာရှ လစ်ဘရယ်နဲ့ ဒီမိုကရက် ကောင်စီ CALDအဖွဲ့ က မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တသီးပုဂ္ဂလ ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ဒီကနေ့ စက်တင်ဘာ ၂၀ ရက်မှာ ဆုတံဆိပ် ပေးအပ်တယ်လို့ သိရပါတယ် ။