စိန်ခေါ်မှုများကြီးမားကြောင်း တသီးပုဂ္ဂလများ ပြောကြား
2010.09.21

ဒါအပြင် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေရဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ မန္တလေးတိုင်း အမရပူမြို့နယ် မဲဆန္ဒနယ်မြေက ဝင်ရောက်ယှဉ်ပြိုင်မဲ့ ဒေါက်တာ သန်းမြင့် RFA ကို ပြောပြပါတယ်။
“အခက်အခဲနဲ့ ရင်ဆိုင်မှုတွေကတော့ များပြားလွန်းပါတယ်။ ၁ အချက်က အချိန်တအားနည်းတာကိုး။ နံပါတ် ၂ အချက်က ကျွန်တော်တို့ အခု ဝင်မဲ့အချိန် ရောက်နေပြီ။ သို့သော် ကျွန်တော်တို့မှ ‘နသ’ မရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့မှာ pamphlet ထုတ်ခွင့် မရှိသေးဘူး၊ စာစောင်တွေ ထုတ်ခွင့်တွေ မရှိသေးဘူး။ စည်းရုံးရေးဆင်းဖို့အတွက်ကို ကျွန်တော်တို့ ပဏာမ စကား ကမ်းလှမ်းတဲ့အချိန်မှာ ပါတီကြီးတွေက သူတို့ မျှော်လင့်ချက်တွေ အများကြီး ပေးထားတဲ့အပေါ်မှာ တချို့ ကျွန်တော်တို့ စုစည်းမှုမှာ ပါဝင်လာနိုင်အောင် ကျွန်တော်တို့ တော်တော် ကြိုးစားရမှာပါ။ လူရဲ့ သဘောသဘာဝပေါ့၊ ဟိုဖက်ကတော့ မျှော်လင့်ချက် ပံ့ပိုးမှုလေးတွေ ပေးထားပါတယ်။ ကျွန်တော်တို့ အဲဒီဥစ္စာကို ဖြတ်ကျော်ဖို့အတွက် အကုန်အကျတခုကို ကျွန်တော်တို့တော့ တွက်ချက်ပြီးတော့ ဝင်ရမှာ ဖြစ်တဲ့အတွက်ကြောင့် အဲဒီ ငွေကြေးကုန်ကျမှုဟာ အင်မတန်မှ စိန်ခေါ်ချက် ဖြစ်နေပါတယ်ခင်ဗျ။”
အခုလို အခက်အခဲ၊ စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်နေရပေမဲ့ ရွေးကောက်ပွဲမှာ အောင်နိုင်ဖို့အတွက် ကြိုးစားသွားမှာ ဖြစ်တယ်လို့ပုဇွန်တောင်မြို့နယ်က ဝင်ရောက် ယှဉ်ပြိုင်မဲ့ ဦးရန်ကျော်က ပြောပါတယ်။
ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မဲ့ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း ၇ ဦးနဲ့ တိုင်းဒေသကြီးမှာ ဝင်မဲ့ လွှတ်တော် ကိုယ်စားလှယ် ၇ ဦးတို့ စုပေါင်း ကျင်းပခဲ့ပါတယ်။
ပြည်သူအများစုဟာ ရွေးကောက်ပွဲမှာ မဲပေးဖို့ စိတ်မဝင်စားကြတဲ့အတွက် အတော်လေး စည်းရုံးနေရတယ်လို့ တသီးပုဂ္ဂလိက ကိုယ်စားလှယ်လောင်းတွေက ပြောကြပါတယ်။
အကြောင်းစုံကို RFA မှ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။
![]() |
သတင်းတင်ပြချက်။ |
![]() |
အသံဖိုင်ယူရန် |