သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-27
မြန်မာပြည်ရဲ့လက်ရှိ ပြဿနာတွေကို လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းလို့ မရနိုင်ဘဲ တိုင်းပြည်ကို တကယ်ချစ်ရင် တွေ့ဆုံဆွေးနွေးရေးနည်းနဲ့သာ အဖြေရှာရမှာ ဖြစ်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
2021-09-27
စီးပွားရေးလုပ်ငန်းရှင် ဦးတေဇနဲ့ သူပိုင်ဆိုင်တဲ့ ထူးထရေးဒင်း ကုမ္ပဏီအုပ်စုကို နိုင်ငံတကာအနေနဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်ကြဖို့ Justice for Myanmar (JFM) အဖွဲ့က ဒီကနေ့ ကြေညာချက်ထုတ်ပြန် ထပ်မံတိုက်တွန်း လိုက်ပါတယ်။
2021-09-27
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် သေဆုံး သွားခဲ့ကြတဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်သူ ရဲဝန်ထမ်း ကိုဇော်မျိုး ထွဋ် (ခ) ဖက်တီး အပါအဝင် ကိုသိန်းထိုက်အောင်နဲ့ ဒေသခံ ဦးကျော်ဌေး တို့ သုံးဦး ရုပ်အလောင်းကို စက်တင်ဘာ ၂၇ ရက် ဒီနေ့မနက်ပိုင်းမှာ ပြန်တွေ့ခဲ့တယ်လို့ ကလေးမြို့ဒေသခံတွေက ပြောပါ တယ်။
2021-09-27
လက်ရှိရောက်နေတဲ့နေရာမှာ အခက်အခဲများစွာ ကြုံတွေ့နေရပေမယ့် စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အဆုံးထိ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတယ်လို့ သရုပ်ဆောင် မြနှင်းရည်လွင်က ပြောလိုက်ပါတယ်။
2021-09-27
စစ်ကိုင်းတိုင်း အထက်ပိုင်း ပင်လည်ဘူးမြို့နယ်မှာ မနေ့က စစ်ကောင်စီတပ်နဲ့ KIA၊ ဒေသကာကွယ်ရေး တပ်တို့အကြား တိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်း တိုက် ခိုက်မှု လုပ်ခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားတဲ့ နေရာအနီးက ဒေသခံတွေကို စစ်တပ်က ဘေးလွတ်ရာကို တိမ်းရှောင်ခိုင်း နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
2021-09-27
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးကုန်းကျေးရွာအုပ်စုထဲမှာ စက်တင်ဘာ လ ၂၆ ရက် မနေ့ မနက်ကနေ ၂၇ နေ့ ဒီနေ့ နံနက်အစောပိုင်းအထိ ဒေသခံပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအပြင်းအထန် နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံကာကွယ်ရေး အဖွဲ့ဘက်က လူငယ်ရှစ်ဦးသေဆုံးခဲ့တယ်လို့ ကိုယ်တိုင်မြင်တွေ့ခဲ့သူတွေက ပြောပါတယ်။
2021-09-27
မနေ့က ရုံးချိန်းမှာတော့ စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ သူ့ရဲ့သက်တော်စောင့်တွေ၊ ဂိတ်ကင်းတဲနဲ့ ကိုယ်ရေးအရာရှိဆောင်တို့ဆီမှာ ကြိုးမဲ့စကားပြောစက်တွေနဲ့ Jammer လို့ခေါ်တဲ့ မိုဘိုင်းဖုန်းလိုင်းဖြတ်တောက်စက် တစ်စုံကို တွေ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ တရားစွဲထားတဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အမှုနဲ့ ပတ်သက်လို့ အမှုစစ်ရဲရာရှိကို စစ်ဆေးခဲ့ပါတယ်။
2021-09-27
မြန်မာ့ရွှေဈေးကွက်ဟာ စက်တင်ဘာလ ၂၇ ရက် ဒီနေ့ညနေပိုင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့ စာရင်းအရ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို သိန်း ၂၀၁၀၀၀၀ ကျပ်အထိ ဈေးကွက်ပေါက်ဈေး ဖြစ်ခဲ့ပါတယ်။
2021-09-27
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့နယ်ထဲမှာ မြန်မာ - တရုတ် နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းရဲ့ (၁၀) မီတာထဲအထိ ဝင်ရောက်ပြီး တရုတ်ရဲ့ ခြံစည်းရိုးကာရံထားမှုအတွက် ကန့်ကွက်မှုတွေ လုပ်သွားမယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။
2021-09-27
ကယားပြည်နယ်၊ ဒီးမော့ဆိုမြိုနယ် ကျောက်ဆည်ကန်တိုက်ပွဲမှာ စက်တင်ဘာလ ၂၅ ရက်နေ့က ကျဆုံးသွားတဲ့ လွိင်ကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင် အသက် ၂၅ နှစ်အရွယ် မောင်ပါစ္စကွားလယ် (ခ) ခိုးခိုရဲ့ ရုပ်အလောင်းကို စက်တင်ဘာလ ၂၇ ရက် ဒီနေ့မနက် ၈ နာရီခန့်မှာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့တယ်လို လွိုင်ကော် PDF က ထုတ်ပြန်ပါတယ်။
2021-09-27
မကွေးတိုင်း၊ မကွေးမြို့ ကန်သာစီ ၁၈ လမ်းမှာရှိတဲ့ စစ်ကောင်စီပိုင် မိုင်တယ် (Mytel) တာဝါတိုင် ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် အနီးအနားမှာရှိတဲ့ ပြည်သူ အယောက် ၅၀ နီးပါးကို စစ်ကောင်စီက ဖမ်းဆီးသွားတာ သုံးရက်မြောက်တဲ့ ဒီကနေ့အချိန်အထိ ပြန်လွှတ် မပေးသေးဘူးလို ဒေသခံတွေကပြောပါတယ်။
2021-09-27
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူတောင်ရွာအနားက စစ်ကောင်စီပိုင် မိုင်တယ် (Mytel) တာဝါတိုင်တစ်ခု စက်တင်ဘာလ ၂၆ ရက် မနေ့ည ၈ နာရီဝန်းကျင်မှာ ဖောက်ခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-26
ကိုဗစ် - ၁၉ ကပ်ရောဂါဖြစ်နေတဲ့ကြား စစ်အာဏာသိမ်းလိုက်တဲ့အတွက် မြန်မာ့ခရီးသွားလုပ်ငန်း ရှေ့ဆက်မသွားနိုင်တော့ဘဲ ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးတဲ့အတွက် တချို့လည်း ပြည်ပကို ထွက်ကြပါတယ်။
2021-09-26
စစ်တပ်အာဏာသိမ်းပြီးနောက် မတ်လ ၂၉ ရက်နေ့က တောင်ဒဂုံမြို့နယ်မှာ "စစ်ကောင်စီသတင်းပေး" ဆိုသူတစ်ဦး အသတ်ခံမှုနဲ့ စွပ်စွဲဖမ်းဆီးခံရပြီး သေဒဏ်ချမှတ် ခံထားရသူတွေထဲမှာ ကိုရဲကျော်လည်း ပါဝင်ပါတယ်။
2021-09-26
မန္တလေးမြို့က ၈၉-၉၀ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်းလည်းဖြစ် နိုင်ငံရေး အကျဉ်းသားဟောင်းလည်း ဖြစ်တဲ့ ကိုသိန်းထွန်းဦး (ခေါ်) ကိုဖက်တီးဟာ စစ်ကောင်စီရဲ့လက်ချက်နဲ့ မနေ့က သေဆုံးသွားရပြီလို့ သတင်းရရှိပါတယ်။