သေဒဏ်ချမှတ်ခံထားရတဲ့ဖခင် ပြန်အလာကို မျှော်နေသူသမီးငယ်

2021.09.26
စစ်တပ်အာဏာသိမ်းပြီးနောက် မတ်လ ၂၉ ရက်နေ့က တောင်ဒဂုံမြို့နယ်မှာ "စစ်ကောင်စီသတင်းပေး" ဆိုသူတစ်ဦး အသတ်ခံမှုနဲ့ စွပ်စွဲဖမ်းဆီးခံရပြီး သေဒဏ်ချမှတ် ခံထားရသူတွေထဲမှာ ကိုရဲကျော်လည်း ပါဝင်ပါတယ်။ ကိုရဲကျော်ရဲ့ ဇနီးဖြစ်သူက သူ့ခင်ပွန်းဟာ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြသူ တစ်ဦးသာဖြစ်ပြီး လူသတ်မှုမှာ မပါဝင်ဘူးလို့ ပြောပါတယ်။ အရွယ်မရောက်သေးတဲ့ သမီးဖြစ်သူကတော့ သူ့ဖခင် အဝေးတစ်နေရာမှာ အလုပ်သွားလုပ် နေတယ်လို့သာ သိထားပြီး ဖခင်အိမ်ပြန်အလာကို စောင့်မျှော်နေပါတယ်။
 
မခင်မိုးညိုက တင်ပြထားပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။