မြန်မာ့ရွှေစျေး တစ်ကျပ်သား ကျပ် သိန်း ၂၀ ကျော်အထိ စံချိန်တင်မြင့်တက်

2021.09.27
မြန်မာ့ရွှေစျေး တစ်ကျပ်သား ကျပ် သိန်း ၂၀ ကျော်အထိ စံချိန်တင်မြင့်တက် ရန်ကုန်မြို့က ‌ရွှေဆိုင်တစ်ဆိုင်မှာ အရောင်းအဝယ်လုပ်နေတာကို ၂၀၁၃၊ ဧပြီ ၂၃ ရက်နေ့က မြင်တွေ့ရစဉ်
Photo: REUTERS

မြန်မာ့ရွှေဈေးကွက်ဟာ စက်တင်ဘာလ ၂၇ ရက် ဒီနေ့ညနေပိုင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းရဲ့ စာရင်းအရ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို သိန်း ၂၀၁၀၀၀၀ ကျပ်အထိ ဈေးကွက် ပေါက်ဈေး ဖြစ်ခဲ့ပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့မှာ ၁၇ သိန်းကျော် ပေါက်ဈေးရှိခဲ့တဲ့ ရွှေဈေးဟာ အခု စက်တင်ဘာလကုန်ပိုင်း မှာတော့ သိန်း ၂၀ ကျော်အထိ ဖြစ်လာပြီး တစ်လအတွင်းမှာ သုံးသိန်းကျော် မြင့်တက်ခဲ့တာပါ။

ဒါပေမဲ့ ကမ္ဘာ့ရွှေဈေးဟာ ဒီနေ့မှာဆိုရင် တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၇၅၀ ရှိနေခဲ့ပြီး စက်တင်ဘာ ၁ ရက်နေ့ တစ်အောင်စ ဒေါ်လာ ၁၈၁၀ နဲ့ယှဉ်ရင်တော့ ကျဆင်းနေခဲ့ပါတယ်။

ဒီလို ရွှေဈေးနှုန်းတက်တာဟာ ဝယ်လိုအားများတာကြောင့်ဖြစ်သလို ဗဟိုဘဏ်အနေနဲ့ ဒေါ်လာဈေးကို ထိန်းချုပ်နိုင်မယ်ဆိုရင် ရွှေဈေးပါ ကျဆင်းလာမှာဖြစ်တယ်လို့ စက်တင်ဘာလ ဒုတိယအပတ်မှာ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဦးအုန်းမြိုင်က သုံးသပ်ခဲ့ဖူးပါတယ်။

စစ်တပ်က အာဏာမသိမ်းခင် ဇန်နဝါရီ ၁ ရက်နေ့မှာ ပြည်တွင်း အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားဟာ ၁၃၀၀၀၀၀ ကျော်ပဲ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။