အောင်ပွဲနဲ့အတူ ပြန်လာဖို့ ဆုံးဖြတ်ထားတဲ့ သရုပ်ဆောင် မြနှင်းရည်လွင်

2021.09.27

လက်ရှိရောက်နေတဲ့နေရာမှာ အခက်အခဲများစွာ ကြုံတွေ့နေရပေမယ့် စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အဆုံးထိ တိုက်ပွဲဝင်ဖို့ ဆုံးဖြတ်ထားတယ်လို့ သရုပ်ဆောင် မြနှင်းရည်လွင်က ပြောလိုက်ပါတယ်။ သူဟာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် နာမည်ကြီး အနုပညာရှင်တွေနဲ့အတူ ရန်ကုန် လူထု ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တာကြောင့် ဧပြီ ၆ ရက်နေ့မှာ ပုဒ်မ ၅၀၅ (က) တပ်မတော်ကို အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဝရမ်း အထုတ်ခံခဲ့ရပါတယ်။ ဒါကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရင်း ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတစ်ခုကို ရောက်ရှိလာတာပါ။

သရုပ်ဆောင် မြနှင်းရည်လွင်ဟာ စစ်အာဏာမသိမ်းခင်က MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေ ဆက်တိုက် ရိုက်ကူးခဲ့ပြီး ငွေစက္ကူ ခုနစ်ရွက်၊ မာယာလှည့်ကွက်၊ အခန်းနံပါတ် စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ လူသိများ ထင်ရှားလာသူ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲပေါင်း (၁၀) ခု၊ လူကြိုက်များတဲ့ ကြော်ငြာ သုံးခုနဲ့အတူ ရိုက်ကူးပြီး၊ ရိုက်ကူးဆဲ ရုပ်ရှင်ဇာတ်ကားကြီး လေးခုမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

သရုပ်ဆောင် မြနှင်းရည်လွင်ရဲ့ ပြောကြားချက်တွေကို ထုတ်လွှင့်ပေးလိုက်ပါတယ်။

RFA ဝိုင်းတော်သူ မအေးအေးမွန်က ဆက်သွယ်မေးမြန်းထားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။