မန္တလေးနိုင်ငံရေးအကျဉ်းသားဟောင်း ကိုသိန်းထွန်းဦး စစ်ကြောရေးမှာ သေဆုံး

2021.09.26
မန္တလေးနိုင်ငံရေးအကျဉ်းသားဟောင်း ကိုသိန်းထွန်းဦး စစ်ကြောရေးမှာ သေဆုံး စစ်ကောင်စီရဲ့လက်ချက်နဲ့ စက်တင်ဘာ ၂၆ ရက်က စစ်ကြောရေးမှာ သေဆုံးခဲ့တဲ့ ကိုသိန်းထွန်းဦး (ခေါ်) ကိုဖက်တီး။
Photo: Citizen Journalsit

မန္တလေးမြို့က ၈၉-၉၀ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်းလည်းဖြစ် နိုင်ငံရေးအကျဉ်းသားဟောင်းလည်း ဖြစ်တဲ့ ကိုသိန်းထွန်းဦး (ခေါ်) ကိုဖက်တီးဟာ စစ်ကောင်စီရဲ့လက်ချက်နဲ့ မနေ့က သေဆုံးသွားရပြီလို့ သတင်းရရှိပါတယ်။

သူ့ကို စက်တင်ဘာလ ၂၅ ရက် စနေနေ့ နေ့လယ်ပိုင်းက သူ့အိမ်မှာ စစ်တပ်က ဝင်ဖမ်းပြီး ဒူးထောက်ခိုင်းတဲ့အခါ သူကခန္ဓာကိုယ် ဝလွန်းလို့ ဒူးမထောက်နိုင်ဘူးလို့ ငြင်းတဲ့အတွက် စစ်ကောင်စီ လက်အောက်ခံ တပ်သားတွေက ခြေထောက်တွေကို သေနတ်နဲ့ပစ်ပြီး ဖမ်းသွားတယ်လို့ သူနဲ့နီးစပ်သူတွေ ကပြောပါတယ်။ အဲဒီနောက် သူ့ကို အမှတ် (၇) ရဲစခန်းကိုခေါ်သွားပြီး နောက်တစ်ရက် စက်တင်ဘာလ ၂၆ ရက်နေ့ညနေမှာတော့ သူသေပြီလို့ မိသားကို အကြောင်းကြားလာတယ်လို့ ဆိုပါတယ်။

သူ့ကို မန္တလေးက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြောက်ကျားသပိတ်တွေရဲ့ နောက်ကွယ်ကနေ ဦးဆောင်နေတဲ့သူတစ်ယောက်အဖြစ် စစ်ကောင်စီက ဖမ်းသွားပြီး သတ်လိုက်တာလို့ သူနဲ့နီးစပ်သူတွေက ပြောပါတယ်။

ကိုသိန်းထွန်းဦးဟာ ၁၉၈၉-၉၀ ကာလမှာ ဗကသများအဖွဲ့ချုပ်နဲ့ အခြေခံပညာကျောင်းသားသမဂ္ဂ မန္တလေးခရိုင်တို့မှာ ပါဝင်ပြီး စစ်အစိုးရကို ဆန့်ကျင်ခဲ့သလို၊ နောက်ပိုင်းမှာလဲ စစ်အာဏာရှင်ဆန့်ကျင် ရေးလှုပ်ရှားမှုတွေမှာတောက်လျှောက်ပါဝင်ခဲ့ပြီး၊ ပရဟိတအလုပ်တွေလဲ တက်တက်ကြွကြွ လုပ်ကိုင်ခဲ့တဲသူ ဖြစ်တယ်လို့ သူ့သူငယ်ချင်းတွေကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ၇ လကျော်အတွင်း စစ်ကောင်စီရဲ့လက်ချက်နဲ့ သေဆုံးရတဲ့သူပေါင်း အနည်းဆုံး ၁၁၂၅ ယောက်ရှိပြီလို့ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ မနေ့ကစာရင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-09-26 21:28

We don't forget and forgive the Min Aung Hlaing's Military coup