စစ်ကိုင်း မြေငလျင်ကြောင့် အပျက်အစီးများ

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက် နေ့လယ် တစ်နာရီဝန်းကျင်က စစ်ကိုင်းမြို့မြောက်ဘက် ဆယ်မိုင်အကွာကို ဗဟိုပြုလှုပ်ခက်ခဲ့တဲ့ မြေငလျင်ကြောင့် အပျက်အစီးများခဲ့ပါတယ်။

အမေရိကန်အစိုးရ ဘူမိဗေဒတိုင်းတာရေးအဖွဲ့ (USGS)ရဲ့ ထုတ်ပြန်ချက်အရ မြေငလျင်ပြင်းအားဟာ ၇ ဒသမ ၇ ရှိတယ်လို့ သိရပါတယ်။

ဒီငလျင်ကြောင့် စစ်ကိုင်းတံတားဟောင်းပြိုကျပျက်စီးခဲ့သလို မန္တလေးမြို့ပေါ်မှာလည်း အဆောက်အအုံပြိုကျပျက်စီးတာတွေဖြစ်ပေါ်ခဲ့ပါတယ်။

အားပြင်းတဲ့ ဒီမြေငလျင်ဟာ မြန်မာနိုင်ငံက တခြားနေရာတွေမှာလည်း ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။

အသေးစိတ်အခြေအနေတွေကို RFAက ဆက်လက်တင်ပြပေးပါမယ်။