စစ်အာဏာသိမ်းမှုနဲ့ ကပ်ရောဂါကြောင့် ခရီးသွားလုပ်ငန်းများ ရပ်တန့်နေ
2021.09.26
ကိုဗစ် - ၁၉ ကပ်ရောဂါဖြစ်နေတဲ့ကြား စစ်အာဏာသိမ်းလိုက်တဲ့အတွက် မြန်မာ့ခရီးသွားလုပ်ငန်း ရှေ့ဆက်မသွားနိုင်တော့ဘဲ ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးတဲ့အတွက် တချို့လည်း ပြည်ပကို ထွက်ကြပါတယ်။ မြန်မာ့ခရီးသွား ဝန်ဆောင်လုပ်ငန်းနဲ့ ပတ်သက်ပြီး Rubyland Tourism Services ပတ္တမြားမြေ ခရီးသွား ဝန်ဆောင်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှုုး ဦးအေးကျော်ကို RFA ဝိုင်းတော်သူ ဒေါ်စမ်းစမ်းတင်က ဆက်သွယ်မေးမြန်းထားပါတယ်။