ပြဿနာတွေကို လက်နက်ကိုင်ဖြေရှင်းမရနိုင်ဟု USDP ပြောခွင့်ရ ဒေါက်တာနန္ဒာလှမြင့်ပြော
2021.09.27
မြန်မာပြည်ရဲ့လက်ရှိ ပြဿနာတွေကို လက်နက်ကိုင်နည်းလမ်းနဲ့ ဖြေရှင်းလို့ မရနိုင်ဘဲ တိုင်းပြည်ကို တကယ်ချစ်ရင် တွေ့ဆုံဆွေးနွေးရေးနည်းနဲ့သာ အဖြေရှာရမှာ ဖြစ်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။
ဒါ့အပြင် လက်ရှိဖမ်းဆီးခံနေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် ပုဂ္ဂိုလ်တွေအနေနဲ့ တရားဥပဒေအရ အရေးယူတာကို ခံယူရမှာဖြစ်ကြောင်း၊ စစ်တပ် အာဏာသိမ်းမှုနဲ့ သူတို့ပါတီ တစုံတရာ ပတ်သက်မှု မရှိကြောင်းနဲ့ စစ်ကောင်စီက ၂ဝ၂၃ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမျှတမှုအပြည့်အဝရှိမယ်လို့ ယုံကြည်ကြောင်းလည်း သူကပြောပါတယ်။ ဦးနန္ဒာလှမြင့်ကို RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းထားပါတယ်။