လွိုင်ကော် PDF က ကျဆုံးသွားတဲ့ မောင်ပါစ္စကွားလယ် ရုပ်အလောင်းကို မြေမြှုပ်သင်္ဂြိုဟ်

2021.09.27
လွိုင်ကော် PDF က ကျဆုံးသွားတဲ့ မောင်ပါစ္စကွားလယ် ရုပ်အလောင်းကို မြေမြှုပ်သင်္ဂြိုဟ် လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင် မောင်ပါစ္စကွားလယ် (ခ) ခိုးခိုရဲ့ ရုပ်အလောင်းကို သယ်ဆောင်နေတာကို တွေ့ရစဉ်
Photo: PDF Loikaw

ကယားပြည်နယ်၊ ဒီးမော့ဆိုမြိုနယ် ကျောက်ဆည်ကန်တိုက်ပွဲမှာ စက်တင်ဘာလ ၂၅ ရက်နေ့က ကျဆုံး သွားတဲ့ လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင် အသက် ၂၅ နှစ်အရွယ် မောင်ပါစ္စကွားလယ် (ခ) ခိုးခိုရဲ့ ရုပ်အလောင်းကို စက်တင်ဘာလ ၂၇ ရက် ဒီနေ့မနက် ၈ နာရီခန့်မှာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့တယ်လို လွိုင်ကော် PDF က ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၂၅ ရက်နေ့ မနက်ကနေ ညအထိ စစ်ကောင်စီတပ်သားတွေကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ KNDF၊ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲနဲ့ လွိုင်ကော် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ပွဲမှာ မောင်ပါစ္စကွားလယ် (ခ) ခိုးခို ကျဆုံးခဲ့တာလို လွိုင်ကော် PDF ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရဲဘော် ပါစ္စကွားလယ် (ခ) ခိုးခိုဟာ ပြည်သူလူထုကို ကာကွယ်ရင်း တိုက်ပွဲမှာ အသက်ပေးခဲ့ရတာဖြစ်လို လွိုင်ကော် PDF အနေနဲ့ ပါစ္စကွားလယ်ရဲ့ စွန့်လွှတ်ပေးဆပ်မှုကို အလေးပြုဦးညွှတ်ပြီး အရေးတော်ပုံ ပြီးဆုံးသည်အထိ တိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုပါတယ်။

စက်တင်ဘာလ ၂၅ ရက်နေ့ဖြစ်ခဲ့တဲ့ နှစ်ဘက်တိုက်ပွဲကြောင့် ဒီးမော့ဆိုမြိုနယ်ထဲမှာရှိတဲ့ ရွာ ၁၀ ရွာက ဒေသခံ တစ်သောင်းကျော်လောက် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-09-27 03:58

We pay fully respect your sacrifice