သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-05-26
ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသက ကြက်သား စက်ရုံတချို့မှာ အလုပ်ရမယ်လို့ပြောဆိုပြီး လွန်ခဲ့တဲ့ ၃ လခန့်ကတည်းက ကုန်ကျ စရိတ်အဖြစ် ကြိုတင်ငွေဘတ်ငွေ ၁ သောင်းခွဲခန့်ရှိ တဲ့ မြန်မာငွေ ၅ သိန်း ပေးထားခဲ့ရတဲ့ မြန်မာအလုပ်သမား အယောက် ၃ဝ ရဲ့ ကုန်ကျငွေတချို့ကို လူခေါ်တဲ့ Purple Co.Ltd ကုမ္ပဏီက ပြန်လည်ပေးလျှော်လိုက်တယ်လို့ သိရပါတယ်။
2013-05-26
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်း လဲရေးလုပ်ငန်းတွေ ချောမွေ့အောင်မြင်ရေးအတွက် အားပေးကူညီတဲ့အနေနဲ့ ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ ၅ဝ၄ သန်း ချေးငွေပေးသွား မှာဖြစ်တယ်လို့ နှစ်နိုင်ငံအစိုးရတွေ တွေ့ဆုံစဉ်မှာ သဘောတူညီလိုက်ကြောင်း သိရပါတယ်။
2013-05-26
ပြီးခဲ့တဲ့ ဧပြီလအတွင်းက ရှမ်းပြည်မြောက် ပိုင်း တန့်ယန်းမြို့နယ်အတွင်း အစိုးရ တပ်တွေနဲ့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း (SSA-North) တပ်တွေကြား စစ်ရေးတင်းမာမှုကြောင့် တန့်ယန်းမြို့နယ် အောင်မင်္ဂလာ ဘုန်းကြီးကျောင်းမှာ ယာယီခိုလှုံခဲ့ကြတဲ့ စစ်ပြေးဒုက္ခသည်အားလုံး သူတို့နေရပ် ကို ပြန်လည်ပြောင်းရွှေ့သွားကြပြီလို့ သိရပါတယ်။
2013-05-26
သမ္မတ ဦးသိန်းစိန်နဲ့ ၈၈ ခေါင်းဆောင်တွေရဲ့ အမေရိကန်ခရီးစဉ်နဲ့ ဂျပန်ဝန်ကြီးချုပ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်တွေအပေါ် အမေရိကန်ပြည်ထောင်စုရှိ မြန်မာ့အရေးလှုပ်ရှားသူတွေရဲ့ အမြင်ကို ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုး ကတင်ဆက်ထားပါတယ်။
2013-05-25
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရပါတီ တစ်ခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) နဲ့ပူးပေါင်းကာ ပါတီတစ်ခုတည်း အဖြစ် ရပ်တည်သွားဖို့ အဆင်သင့်ရှိနေကြောင်း ALD ပါတီ တာဝန်ရှိသူတွေက ဒီကနေ့မနက်ပိုင်းက စစ်တွေမြို့မှာပြု လုပ်တဲ့ ရပ်မိရပ်ဖတွေ၊ မြို့ခံတွေနဲ့ တွေ့ဆုံရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
2013-05-25
ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးစုများအားလုံး ခံစားနေရတဲ့ ဒုက္ခတွေကို အလေးထားပြီး အစိုးရ နဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့တို့ နှစ်ဖက် အမြန်ဆုံး ငြိမ်းချမ်းရေးရအောင် ဆွေးနွေးပေးကြဖို့ ကချင်ပြည်နယ်အတွင်း နေထိုင်ကြတဲ့ ရှမ်းတိုင်းရင်းသား မျိုးနွယ်စုတွေက ဒီနေ့ကြေညာချက်ထုတ်ပြန် တိုက်တွန်း လိုက်ကြပါတယ်။
2013-05-25
မြန်မာနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုရအောင် အကူအညီပေးနိုင်တာအားလုံး အစွမ်းကုန် ကူညီထောက်ပံ့ပေးသွားမယ်လို့ ရန်ကုန်မြို့ မှာ ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2013-05-25
မြန်မာနိုင်ငံမှာ မော်တော်ယာဉ် မတော်တဆမှုကြောင့် လူသေဆုံးမှုအများဆုံးဖြစ်ပွားရာ အဓိကလမ်းတစ်ခုဖြစ် တဲ့ နေပြည်တော် အဝေးပြေးလမ်းမှာ ဒီကနေ့ ယာဉ် တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး၊ သံဃာတော်တစ်ပါး အပါအဝင် ခရီးသည် လူ ၁၁ ဦးသေဆုံးခဲ့ပါတယ်။
2013-05-24
မြန်မာပြည်မှာ သွားရောက်ပြီး စီပွားရေး လုပ်ကိုင်နေကြတဲ့ အမေရိကန် ကုမ္ပဏီတွေ အနေနဲ့ အမေရိကန်အစိုးရ ထုတ်ပြန်လိုက်တဲ့ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ပြဌာန်းချက်တွေကို လိုက်နာရုံမျှနဲ့ တာဝန်ကျေပြီလို့ မထင်မှတ်ကြဖို့ နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က မေလ ၂၄ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
2013-05-24
ပြင်သစ်နိုင်ငံ Nantes မြို့မှာ မေလ ၂၂ ရက်နေ့ကနေစတင်ပြီး ၄ ရက်ကြာပြု လုပ်နေတဲ့ ၅ ကြိမ်မြောက် နိုင်ငံတကာ လူ့အခွင့် အရေးဆွေးနွေးပွဲကို မြန်မာနိုင်ငံက လူ့အခွင့်အရေး ကိုယ်စားလှယ် ၃ ဦး တက်ရောက်နေကြပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ စနစ်တကျရှိနေသေး တဲ့ အခြေအနေတွေကို ဆွေးနွေးတင်ပြခဲ့ကြတယ်လို့ သိရ ပါတယ်။
2013-05-24
ဂျပန်နိုင်ငံ ဝန်ကြီးချုပ် Shinzo Abe ဟာ နှစ်ပေါင်း ၃၆ နှစ်အတွင်း ပထမဆုံး ဂျပန်ဝန်ကြီးချုပ်တစ်ဦး ရဲ့ မြန်မာနိုင်ငံခရီးစဉ်အဖြစ် ဒီနေ့ညနေ ၅ နာရီလောက်မှာ ရန်ကုန်မြို့ မင်္ဂလာဒုံလေဆိပ် ကို ရောက်ရှိလာပါတယ်။
2013-05-24
ပြီးခဲ့တဲ့ ဧပြီလက ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ မွတ်စလင်လူဦးရေ စာရင်းကောက်ခံစဉ် လဝကဝန်ထမ်းတွေကို ထိခိုက်ဒဏ်ရာ ရတဲ့အထိ ခဲတွေနဲ့ ပစ်ပေါက်ခဲ့သူတွေထဲက ဦးဆောင် သူတွေလို့ ယူဆရသူ ၇ ဦးကို စစ်တွေခရိုင်တရားရုံးမှာ မနေ့က ရုံးတင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
2013-05-24
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်တောမြို့နယ် ခွဲမှာရှိတဲ့ အမှတ် ၃၅၃ အမြောက်တပ်က သိမ်းယူထားခဲ့တဲ့ မြေယာတွေကို ပြန်ပေးဖို့အတွက် ကွင်းဆင်းစစ်ဆေးနေရာမှာ တရားမျှတမှုမရှိဘူးဆိုပြီး ဒေသ ခံတောင်သူတွေအကြား မကျေနပ်မှုတွေ ဖြစ်နေကြတယ်လို့ သိရပါတယ်။
2013-05-24
လာမယ့် ၂၀၁၃-၂၀၁၄ ခုနှစ်မှာ မြန်မာ တစ်ပြည်လုံးက ပညာသင်ကြားဖို့ ခက်ခဲနေသေးတဲ့ ကလေးငယ်တွေအတွက် ပညာသင်ထောက်ပံ့မှုတွေ ပေါ်ထွက်လာနိုင်အောင် သမ္မတ ဆီတင်ပြဖို့ စီစဉ်ထားတယ်လို့ ကရုဏာလူမှုဘဝမြှင့်တင်ရေး အဖွဲ့က ပြောပါတယ်။
2013-05-24
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ မန်ကျည်းပင်ပုကျေးရွာက တောင်သူ ၆ ဦး ကို စစ်တပ်က သိမ်းယူထားတဲ့ လယ်မြေတွေပေါ်မှာ စပါး စိုက်ပျိုးလို့ဆိုပြီး အာဏာပိုင်တွေက ဒီကနေ့မနက်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။