ရခိုင်ပါတီနှစ်ခု ပူးပေါင်းဖို့ အဆင့်သင့်လို့ အေအယ်လ်ဒီ ပြော


2013.05.25
ald-305.jpg မေလ ၂၅ ရက်နေ့ကပြုလုပ်ခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ CEC နဲ့ တွေ့ဆုံဆွေးနွေးပွဲကို တွေ့ရစဉ်
photo: RFA/ Min Thein Aung

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရပါတီတစ်ခုဖြစ်တဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) နဲ့ပူးပေါင်းကာ ပါတီတစ်ခုတည်းအဖြစ် ရပ်တည်သွားဖို့ အဆင်သင့်ရှိနေကြောင်း ALD ပါတီတာဝန်ရှိသူတွေက ဒီကနေ့မနက်ပိုင်းက စစ်တွေမြို့မှာပြုလုပ်တဲ့ ရပ်မိရပ်ဖတွေ၊ မြို့ခံတွေနဲ့ တွေ့ဆုံရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီအနေနဲ့ ရခိုင်လူထုရဲ့ဆန္ဒအရ ပါတီ ၂ ခုကို အမြန်ဆုံးပေါင်းစည်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ALD ပါတီ ဥက္ကဌ ဦးအေးသာအောင်က ပြောပါတယ်။

ဒီကနေ့မနက်ပိုင်းကပြုလုပ်တဲ့ ပါတီတာဝန်ရှိသူတွေနဲ့ လူထုတွေ့ဆုံပွဲမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပါတီက ပါတီရဲ့မူဝါဒနဲ့ ရပ်တည်ချက်တွေအပြင် လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။