နေပြည်တော် အဝေးပြေးလမ်း မှာ မော်တော်ယာဉ်မှောက် ၁၁ ဦး သေဆုံး


2013.05.25

မြန်မာနိုင်ငံမှာ မော်တော်ယာဉ် မတော်တဆမှုကြောင့် လူသေဆုံးမှုအများဆုံးဖြစ်ပွားရာ အဓိကလမ်းတစ်ခုဖြစ်တဲ့ နေပြည်တော် အဝေးပြေးလမ်းမှာ ဒီကနေ့ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး၊ သံဃာတော်တစ်ပါး အပါအဝင် ခရီးသည် လူ ၁၁ ဦးသေဆုံးခဲ့ပါတယ်။

မန်းရွှေမြို့တော် ကုမ္ပဏီပိုင် ရန်ကုန်- မန္တလေးသွား ခရီးသည်တင် အမြန်ယာဉ်ဟာ  ဒီကနေ့မနက် ၂နာရီခန့်က နေပြည်တော် အမြန်လမ်းမ မိုင်တိုင်အမှတ် ၁၂၅ အနီးမှာ မတော်တဆ တိမ်းမှောက်ခဲ့တာလို့ ရန်ကုန်တိုင်း မ ထ သ(အဝေးပြေး)ဌာန လက်ထောက်ညွှန်ကြားရေးမှုး ဦးမျိုးဝင်းက RFA ကိုပြောပါတယ်။

"ရန်ကုန်ကနေ ည ၈ နာရီခွဲ ထွက်သွားတာပါ၊ ၆ဃ/၇ဝ၈၅ ပါ၊ ၁၂၅ မိုင် ၄ ဖာလုံမှာ ဖြစ်တာပါခင်ဗျ၊ စနေနေ့ မနက် ၂ နာရီလောက်မှာ ဖြစ်တာပါခင်ဗျ၊ ၁၁ ဦး သေတယ်လို့တော့ သတင်းကြားတယ်ခင်ဗျ၊ ခရီးသည်က ၂၁ ယောက်၊ စပယ်ယာနဲ့ ယာဉ်မောင်းပါရင် ၂၃ ယောက်ပါသွားတယ်ခင်ဗျ၊ ဒဏ်ရာရခဲ့လူက ၄ ယောက် ၅ ယောက်လောက်တော့ရှိတယ်၊ နိုင်ငံခြားသားကလည်း လက်လောက်ပဲထိတယ်လို့ ပြောပါတယ်ခင်ဗျ"

အဲဒီအဝေးပြေးကားပေါ်မှာ ခရီးသည် ၂၁ ဦး လိုက်ပါသွားခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော် အမြန်လမ်းမကြီးပေါ်မှာ ယာဉ်မတော်တဆ တိမ်းမှောက်တာတွေ မကြာခဏဖြစ်နေတာမို့ ယာဉ်ထိန်းကြီးကြပ်ရေးအဖွဲ့တွေက အရှိန်ထိန်းတဲ့ စက်ကိရိယာတွေနဲ့ တားဆီးနေတယ်လို့လည်း မထသ တာဝန်ရှိသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။