လှိုင်သာယာမှာ YBS ယာဉ်နှစ်စီးတိုက်မိလို့ တစ်ဦးသေ ၃၀ ကျော်ဒဏ်ရာရ

2022.11.06
လှိုင်သာယာမှာ YBS ယာဉ်နှစ်စီးတိုက်မိလို့ တစ်ဦးသေ ၃၀ ကျော်ဒဏ်ရာရ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အောင်ဇေယျကြိုးတံတားအနီး ယာဥ်တိုက်မှုဖြစ်ပွားခဲ့သည့် YBS ယာဥ်နှစ်စီးကို တွေ့ရစဉ်။
ဓာတ်ပုံ - အင်းစိန်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ အောင်ဇေယျကြိုးတံတားအနီး တစ်ထိပ်မှတ်တိုင်နားမှာ နိုဝင်ဘာလ ၆ ရက်၊ ဒီနေ့မနက် ၁၀ နာရီလောက်က YBS ယာဉ်နှစ်စီး တိုက်မိခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသလူမှုကူညီရေးအဖွဲ့တွေက RFA ကို ပြောပါတယ်။

အင်းစိန်ဘက်ကနေ လှိုင်သာယာဘက်အခြမ်းကို မောင်းလာတဲ့ YBS - ၆၁ ယာဉ်နဲ့ လှိုင်သာယာဘက်ကနေ အင်းစိန်ဘက်ကို မောင်းလာတဲ့ YBS - ၆၉ ယာဉ်လိုင်းတို့ မျက်နာချင်းဆိုင် တိုက်မိခဲ့တာလို့ အင်းစိန်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကိုပြောပါတယ်။

"ယာဉ်မောင်းတစ်ယောက်က နေရာတင် သေသွားပါတယ်။ ကားခေါင်းထဲညပ်ပြီးတော့ သေသွားတာ။ ဘယ် YBS က ယာဉ်မောင်းလဲဆိုတာ အတည်ပြုနေဆဲပါ။ နောက်ထပ် စိုးရိမ်ရတာကတော့ သုံးဦးက စိုးရိမ်ရတယ်။ ကျန်တဲ့ ၃၅ ဦးလောက်က ထိခိုက်ဒဏ်ရာ ရတယ်"

သေဆုံးသူအပါအဝင် ထိခိုက်ဒဏ်ရာရသူတွေကို လှိုင်သာယာ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီနေရာဟာ မကြာခဏ ယာဉ်တိုက်မှုဖြစ်ပြီး လူသေဆုံးမှုတွေပါ ရှိတယ်လို့ လှိုင်သာယာ မြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။