နေပြည်တော် အမြန်လမ်း ကားတိုက်မှု ဆွစ်ဇာလန်နိုင်ငံသား သေဆုံး


2013.06.07

မြန်မာနိုင်ငံမှာ မော်တော်ယာဉ် မတော်တဆမှု အများဆုံးဖြစ်ပွားတဲ့ နေပြည်တော် အမြန်လမ်းက မိုင်တိုင်အမှတ် ၁၈၅ အနီးမှာ မနေ့က ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တဲ့အတွက် ဆွစ်ဇာလန်နိုင်ငံသား ၁ ဦးအပါအဝင် လူ ၃ ဦး သေဆုံးပြီး၊ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

မနေ့က နေ့လည်ပိုင်းလောက်က နိုင်ငံခြားသားတွေ လိုက်ပါလာတဲ့ကားတစ်စီးက ရှေ့ကကားတစ်စီး ကို ကျော်တက်ရာမှာ ဝင်တိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒဏ်ရာရသူ ၄ ဦးကို နေပြည်တော် ဆေးရုံကြီးမှာ ကုသပေးလျက်ရှိပြီး၊ အခြေအနေကောင်းမွန်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။