သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-09-03
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့အနောက်ဘက် ဝါးရငယ်မူးဘောင် (ကန်ဘောင်ရိုး) အနီးမှာ စက်တင်ဘာလ ၃ ရက် ဒီနေ့မနက်အစော ၄ နာရီကျော်ခန့်က စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး တစ်စီးထိခိုက်သွားတယ်လို့ တန့်ဆည်မြို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
2021-09-03
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းက အမျိုးသမီးတွေ ဦးဆောင်ပြီး နှင်းဆီရောင် အမျိုးသမီးထုလှုပ်ရှားမှု ခေါင်းစဉ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ၂၀၂၁ စက်တင်ဘာ ၃ ရက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2021-09-03
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်ရဲ့ စစ်ကောင်စီခန့် ရာအိမ်မှူး ဇူလိုင်မိုး (ခေါ်) မျိုးမင်းမင်း ဆိုသူ စက်တင်ဘာလ ၂ ရက် မနေ့ညနေ ၆ နာရီခွဲခန့် အောင်မေတ္တာလမ်းက အင်ကြင်းမြိုင် လက်ဖက်ရည်ဆိုင်မှာ ခေါင်းကိုသေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-03
မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက တောင်ဘက်ရွာနဲ့ တပ်ကုန်းရွာတွေထဲကို စက်တင်ဘာလ ၂ ရက် မနေ့ည ၁၂ နာရီချိန်ခန့်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်အချို့ကို ဖျက်ဆီးတာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-03
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သံသုမာလမ်းပေါ်မှာရှိတဲ့ စစ်ကောင်စီပိုင် ငံပြာရည်စက်အနီးမှာ စက်တင်ဘာလ ၃ ရက် ဒီနေ့မနက်အစောပိုင်း ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-09-02
ဂျော်ဒန်နိုင်ငံက Camel အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ် သမားတွေ မြန်မာပြည်ကိုပြန်ဖို့ အလုပ်ရှင်ဘက်က မစီစဉ်ပေးတာ၊ လုပ်အားခ မညီမျှတာတွေကြောင့် အလုပ်မလုပ်ဘဲ ဆန္ဒပြနေကြတာ လေးရက် ရှိနေပါပြီ။ အလုပ်ရှင်နဲ့ အလုပ်သမားတွေကြား ညှိနှိုင်းမှုတွေ ရှိနေတယ်ဆိုပေမယ့် အခုထိ မပြေလည်သေးပါဘူး။
2021-09-02
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ရောက်ရှိခိုလှုံနေတဲ့ မြန်မာနိုင်ငံသား ကလေး ငယ်တွေကို လူသားချင်းစာနာတဲ့အနေနဲ့ စာသင်ကျောင်းတွေမှာ တက်ရောက်ခွင့် ပြုဖို့ ခရိုင်ပညာရေးမှူးတွေကို ပြည်နယ်အစိုးရက ပြောကြားထားတယ်လို့ နယူးဒေလီအခြေစိုက် Hindustan Times သတင်းဌာနရဲ့ စက်တင်ဘာလ ၂ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။
2021-09-02
မြန်မာစစ်တပ်အတွက် လက်နက်တင်သွင်းဖို့ ဘဏ္ဍာရေးနဲ့ စီးပွားရေးဝန်ဆောင်မှု တွေ ပေးအပ်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇနဲ့ သူပိုင်ဆိုင်တဲ့ ထူးထရေးဒင်း ကုမ္ပဏီအုပ်စုကို ဗြိတိန်နိုင်ငံက စီးပွားရေး ပိတ်ဆို့အရေးယူတဲ့ စာရင်းထဲမှာ ထည့်သွင်းလိုက်ပါတယ်။
2021-09-02
မကွေးတိုင်း ပေါက်မြို့နယ်က စစ်ကောင်စီတပ်က တပ်စွဲထားတဲ့ ဝန်ခြုံးရွာမှာ ဒီနေ့ စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်း မီးရှို့ခံရလို့ မီးခိုးလုံးတွေ ထွက်ပေါ်လာတာကို အဝေးကလှမ်းမြင်ရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။
2021-09-02
ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုး၊ ကြူကုတ်၊ ပန်ဆိုင်းမြို့နယ်ခွဲတွေမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား တိုက်ပွဲတွေအရှိန်မြင့်လာခဲ့ပြီး စက်တင်ဘာလ ၁ ရက် မနေ့ကအထိ စစ်ကောင်စီဘက်က ကျဆုံးသူ ၂၈ ဦး၊ ကိုးကန့်တပ်ဘက်က နှစ်ဦးရှိတယ်လို့ ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန်ထား ပါတယ်။
2021-09-02
ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ၇ လကျော် အကြာမှာတော့ တစ်ချိန်က ဂုဏ်သရေရှိရှိနဲ့ ထည်ထည်ဝါဝါ နေထိုင်နိုင်ခဲ့ကြတဲ့ ဆရာဝန်တွေဟာ သေဆုံးသူ၊ အဖမ်းခံရသူနဲ့ ဖမ်းဝရမ်း အထုတ်ခံရလို့ ရှောင်ပုန်းနေရတဲ့ဘဝတွေကို ရောက်ရှိနေ တယ်လို့ ဆရာဝန်တွေက RFA ကို ပြောပါတယ်။
2021-09-02
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး အခုအချိန်အထိ အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ဝင်လာတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်ပေါင်း ၂၅၀၀ ဝန်းကျင် ရှိလာနေပါတယ်။ နောက်ထပ်လည်း CDM ဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖိတ်ခေါ်နေသလို စစ်ကောင်စီဘက်ကလည်း CRPH၊ NUG၊ PDF တွေနဲ့ ပတ်သက်လို့ သတင်းပေး သူတွေကို ငွေပမာဏကန့်သတ်မထားဘဲ ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မယ်လို့ ထုတ်ပြန်ကြေညာနေပါတယ်။
2021-09-02
စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ပျက်ပြယ်သွားပြီလို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် ဦးဆောင်တဲ့ KNU Concerned Group က စက်တင်ဘာလ ၂ ရက် ဒီကနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
2021-09-02
မြန်မာနိုင်ငံမှာ အကြီးဆုံးစားသောက်ကုန်ပစ္စည်း လက်ကားရောင်းချနေတဲ့ ဂျာမနီ အခြေစိုက် METRO ကုမ္ပဏီဟာ လာမယ့်အောက်တိုဘာလကုန်မှာ လုပ်ငန်းတွေ ရပ်ဆိုင်းတော့မယ်လို့ စက်တင်ဘာလာ ၁ ရက် မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
2021-09-02
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲက ကျေးရွာတွေကို စက်တင်ဘာလ ၂ ရက် ဒီကနေ့မနက်ကစပြီး စစ်ကောင်စီ ဘက်က အင်အား ၁၀၀ ခန့်လောက်နဲ့ လှည့်လည်စစ်ဆေးတာတွေ ဖမ်းဆီးတာတွေ လုပ်နေတာကြောင့် ဒေသခံ ၅၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။