ပေါက်မြို့နယ်ထဲက ရွာအချို့ ဖျက်ဆီးခံရ

2021.09.03
ပေါက်မြို့နယ်ထဲက ရွာအချို့ ဖျက်ဆီးခံရ ပေါက်မြို့နယ်တောင်ပိုင်း တပ်ကုန်းရွာမှာ စစ်ကောင်စီတပ် ဖျက်ဆီးခဲ့တဲ့ အိမ်တစ်အိမ်ကို ၂၀၂၁ စက်တင်ဘာ ၃ ရက်နေ့က တွေ့ရစဥ်
Photo: CJ

မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက တောင်ဘက်ရွာနဲ့ တပ်ကုန်းရွာတွေထဲကို စက်တင်ဘာလ ၂ ရက် မနေ့ည ၁၂ နာရီချိန်ခန့်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်အချို့ ကို ဖျက်ဆီးတာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့အတူ စစ်ကောင်စီကိုထောက်ခံတဲ့ ပျူစောထီးအမည်ခံ အရပ်ဝတ်အဖွဲ့တွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ပေါက်မြို့နယ်ထဲက ကင်းမရွာမှာလည်း ပြည်သူတွေ လှူဒါန်းထားတဲ့ ဆန်အိတ် ၃၀ နဲ့ မိုးကာတွေကို စက်တင် ဘာလ ၁ ရက်နေ့မှာ စစ်ကောင်စီက မီးရှို့ခဲ့သလို ဝန်ခြုံးရွာဘက်မှာလည်း စက်တင်ဘာ ၂ ရက် မနေ့ နေ့လယ် ပိုင်းက မီးရှို့မှုတွေရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။