လှိုင်မြို့နယ်က စစ်ကောင်စီခန့်ရာအိမ်မှူး ပစ်သတ်ခံရ

2021.09.03
လှိုင်မြို့နယ်က စစ်ကောင်စီခန့်ရာအိမ်မှူး ပစ်သတ်ခံရ စစ်ကောင်စီတပ်သားတွေ ၂၀၂၁ မေ ၆ ရက်နေ့က ရန်ကုန်မှာ ကင်းလှည့်နေတာကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်ရဲ့ စစ်ကောင်စီခန့် ရာအိမ်မှူး ဇူလိုင်မိုး (ခေါ်) မျိုးမင်းမင်း ဆိုသူ စက်တင်ဘာလ ၂ ရက် မနေ့ညနေ ၆ နာရီခွဲခန့် အောင်မေတ္တာလမ်းက အင်ကြင်းမြိုင် လက်ဖက်ရည် ဆိုင်မှာ ခေါင်းကိုသေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်မိုး (ခေါ်) မျိုးမင်းမင်း အင်ကြင်းမြိုင် လက်ဖက်ရည်ဆိုင်ထဲမှာ ထိုင်နေချိန် လူငယ်တစ်ဦးဝင်လာပြီး ခေါင်းကိုအနီးကပ်ပစ်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

အနီးအနားမှာနေထိုင်တဲ့ ဒေသခံတစ်ဦးကလည်း မနေ့ညနေအစောပိုင်း ပစ်ခတ်သံကြားလိုက်ရပြီးနောက်ပိုင်း အောင်မေတ္တာလမ်း၊ လှိုင်ဈေးလမ်း စတဲ့လမ်းတွေက နေအိမ်အချို့မှာ လူတွေအကုန်အောက်ကိုဆင်းခိုင်းပြီး စစ်ဆေးတာတွေ ဆက်တိုက်လုပ်ခဲ့တယ်လို့ RFA ကို ပြောပါတယ်။

ရာအိမ်မှူး ဇူလိုင်မိုး (ခေါ်) မျိုးမင်းမင်း အခုလိုပစ်သတ်ခံရတာဟာ ဆန္ဒထုတ်ဖော်တဲ့သူတွေ အများကြီး အဖမ်းခံရအောင် သတင်းတွေပေးနေတာနဲ့ ရပ်ကွက်ထဲမှာ စစ်ကောင်စီ အရှိန်အဝါနဲ့ အာဏာပါဝါပြ နေတာကြောင့်ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်တစ်ဦးရဲ့ပြောဆိုမှုကို ကိုးကားပြီး ပြည်တွင်းအခြေစိုက် အေရာဝတီတိုင်းမ်သတင်းက ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။