သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-09-05
ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ကော့ကရိတ်မြို့နယ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ ဩဂုတ်လ ၂၀ ရက်နေ့ကစလို့ ဒီကနေ့ စက်တင်ဘာ ၅ ရက်အထိ လျှပ်စစ်မီး ပြတ်တောက် နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-09-05
ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ မသမာမှုစွပ်စွဲချက်နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် သုံးနှစ် ထပ်မံချမှတ်လိုက်တဲ့အပေါ် ဥရောပသမဂ္ဂ(EU) က မနေ့က စက်တင်ဘာ ၄ ရက် တနင်္ဂနွေနေ့မှာ ရှုတ်ချလိုက်ပါတယ်။
2022-09-04
မနေ့က စက်တင်ဘာ ၄ ရက်နေ့မှာလည်း တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားတွေ ဦးကျော်မိုးထွန်းကို မြန်မာကိုယ်စားလှယ်အဖြစ်ထားရှိရေး ဆန္ဒပြတောင်းဆိုခဲ့ကြပြီး၊ ရန်ကုန်မြို့က ကုလသမဂ္ဂရုံးရှေ့မှာ စက်တင်ဘာ ၄ ရက်နေ့ မနက်က စာတန်းချိတ်ဆွဲ ဆန္ဒပြခဲ့ကြပါတယ်။
2022-09-04
"မြန်မာသံအမတ်ကြီးကို မော်တာကျည်နှစ်လုံး ကျခဲ့တုန်းကလည်း ကန့်ကွက်ခဲ့ပါတယ်။ အခု လေကြောင်းပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်တာနဲ့နယ်စပ်တစ်လျှောက် လက်နက်ကြီးတွေ ပစ်ခတ်နေတာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်" လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနအရာရှိက Anadolu သတင်းဌာနကို ပြောပါတယ်။
2022-09-04
တရားမျှတမှုအတွက် ကုလသမဂ္ဂရဲ့ ဖြစ်တည်မှုကို သက်သေပြပါ - "UN Prove your existence for justice" ဆိုတဲ့ စာတန်းကို ကမ္ဘာ့ကုလသမဂ္ဂရုံးရှေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) က ချိတ်ဆွဲထားခဲ့တာ ဖြစ်ပါတယ်။
2022-09-04
အင်အား ၁၀၀နီးပါး ရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ချင်းတွင်းမြစ်အထက်ပိုင်း ကလေးဝကနေ စစ်ရေယာဉ်တွေနဲ့ စုန်ဆင်းလာရာမှာ မြစ်ဘေး တောက်လျှောက်မှာရှိတဲ့ ရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ရာမှ အခုလို ဒဏ်ရာရခဲ့တာလို့ ကနီမြို့နယ်နေ ဒေသခံတစ်ဦးက ဆိုပါတယ်။
2022-09-04
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် သစ်ချိုရွာ ဒီကနေ့ စက်တင်ဘာ ၄ ရက်မနက်ပိုင်းက မီးရှို့ခံရပြီး နေအိမ် ၆၇ လုံးမီးလောင် ဆုံးရှုံးခဲ့တာကြောင့် စက်တင်ဘာလ ၁ရက်ကနေ ဒီကနေ့ အထိ ကျွန်းလှမြို့နယ်အတွင်း လူနေအိမ် စုစုပေါင်း ၁၇၃ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။
2022-09-04
စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား ဖြစ်ပွားလာတဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ်မှာ အရပ်သား တစ်သောင်းခြောက်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။
2022-09-04
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဘုမေရပ်ကွက်၊ စစ်တွေတက္ကသိုလ်အနီးမှာ စက်တင်ဘာ ၄ ရက် ဒီကနေ့ မနက် ၇ နာရီဝန်းကျင်က ရိုဟင်ဂျာလူငယ်တစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ ဒေသခံတွေက ပြောပါတယ်။
2022-09-04
ဧရာဝတီတိုင်း ဖျာပုံမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၉ ဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်သတင်းစာတွေက ဒီကနေ့ စက်တင်ဘာ ၄ ရက်မှာ ရေးသားဖော်ပြပါတယ်။
2022-09-03
ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးနှိပ်ကွပ်ပြီး၊ အကြမ်းဖက်မှုတွေ တိုးမြင့်လုပ်ဆောင်နေတဲ့ မြန်မာစစ်တပ်ကို အရေးယူဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က သူ့ရဲ့ တွစ်တာ လူမှုစာမျက်နှာကတစ်ဆင့် နိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။
2022-09-03
နိုင်ငံရေးအခြေအနေ မတည်ငြိမ်တာကြောင့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးကို ပွဲစားခ ဘတ်နှစ်သောင်း(မြန်မာငွေ ၁၆ သိန်း)နီးပါးပေးပြီး၊ တရားမဝင်လမ်းကြောင်းကနေ ထိုင်းနိုင်ငံဘက်ကို ဝင်ရောက်နေကြရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီနေသူတွေက ဆိုပါတယ်။
2022-09-03
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက မြိတ်ဝကျေးရွာအနီးမှာ စက်တင်ဘာ ၂ ရက် မနေ့က စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံ ၅၀၀ ကျော် အိန္ဒိယဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပလက်ဝမြို့နယ် စစ်ဘေးဒုက္ခသည်ကူညီရေးအဖွဲ့တာဝန်ခံ တစ်ဦးက RFA ကို ဒီကနေ့ ပြောပါတယ်။
2022-09-03
ကယားပြည်နယ် (ကရင်နီပြည်) မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) တို့အကြား တိုက်ပွဲတွေကြောင့် သြဂုတ်လအတွင်း အရပ်သား ငါးဦး သေဆုံးကာ ၁၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNDF ရဲ့ ပြန်ကြားရေးတာဝန်ခံက စက်တင်ဘာလ ၃ ရက် ဒီကနေ့မှာ RFA ကို ပြောပါတယ်။
2022-09-03
ရုရှားနိုင်ငံမှာ ဒီတစ်ပတ်အတွင်း ကျင်းပမယ့် အရှေ့ဖျားစီးပွားရေးဖိုရမ် (EEF) ကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖို့ရှိနေတယ်လို့ စစ်ကောင်စီ မီဒီယာတွေက စက်တင်ဘာ ၃ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။