ကယားပြည်နယ်မှာ တစ်လအတွင်းအရပ်သား ငါးဦးသေ၊ ၁၅ ဦးဒဏ်ရာရ

လွိုင်လင်လေးမြို့နယ်၊ တီးလုံအုပ်စု၊ ဒေါပါပါးကျေးရွာအား ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်
လွိုင်လင်လေးမြို့နယ်၊ တီးလုံအုပ်စု၊ ဒေါပါပါးကျေးရွာအား ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၉ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ် (Photo: KNDF)

ကယားပြည်နယ် (ကရင်နီပြည်) မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ အမျိုးသားများကာကွယ် ရေးတပ် (KNDF) တို့အကြား တိုက်ပွဲတွေကြောင့် သြဂုတ်လအတွင်း အရပ်သား ငါးဦး သေဆုံးကာ ၁၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ KNDF ရဲ့ ပြန်ကြားရေးတာဝန်ခံက စက်တင်ဘာ လ ၃ ရက် ဒီကနေ့မှာ RFA ကို ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးကျည်ကျရောက် ပေါက် ကွဲမှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာဖြစ်ပြီး အများစုဟာ ဒီးမော့ဆိုမြို့ နယ်နဲ့ လွိုင်ကော်မြို့နယ်က အရပ်သားတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

"အရပ်သားသေဆုံးမှုက လေကြောင်းတိုက်ခိုက်မှုလည်း ပါသလို၊ လက်နက်ကြီးကြောင့် လည်း ပါတယ်ဗျ။ ကရင်နီပြည်နယ်ရဲ့ ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်မှာ အဖြစ် များတယ်။ လွိုင်ကော်မှာ သေဆုံးသွားတဲ့ တစ်ယောက်ဆိုရင် လေကြောင်းတိုက်ခိုက်မှု ကြောင့် သေဆုံးသွားတယ်"

ဩဂုတ်လအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ရှစ်ကြိမ်နဲ့ ဗုံး ၃၂ လုံး ကြဲခဲ့တယ်လို့ KNDF ရဲ့ စက်တင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် လူနေအိမ် ခုနစ်လုံး၊ ဆေးခန်းတစ်ခုနဲ့ စေတီတစ်ဆူလည်း ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

သြဂုတ်လအတွင်း ကယားပြည်နယ်မှာ တိုက်ပွဲ ၄၆ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်က ၄၀ ဦး သေဆုံးကာ ဒဏ်ရာရသူ ၂၅ ဦး ရှိနိုင်တယ်လို့ KNDF က ဆိုပါတယ်။

ဒီအချက်အလက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မတွေ့ရ သလို RFA အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။