ထိုင်းနိုင်ငံ ရနောင်းမှာ မြန်မာအလုပ်သမား ၅ဝ ကျော် တစ်ရက်ထဲအဖမ်းခံရ

2022.09.03
ထိုင်းနိုင်ငံ ရနောင်းမှာ မြန်မာအလုပ်သမား ၅ဝ ကျော် တစ်ရက်ထဲအဖမ်းခံရ ရနောင်းခရိုင်အတွင်းက ဖမ်းမိထားတဲ့ ရွေ့ပြောင်းအလုပ်သမားများကို စက်တင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်
Photo - Ye Minn

တရားမဝင်လမ်းကြောင်းကနေ ထိုင်းနိုင်ငံဘက်ကို သွားရောက်အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံသား ၅၀ကျော်နဲ့ လမ်းပြ ထိုင်းနိုင်ငံသား ၇ ဦး၊ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့က ဖမ်းဆီးခံလိုက်ရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံ၊ရနှောင်းခရိုင်အခြေစိုက် အမှတ်-၂၅ ခြေမြန်တပ်ရင်း အထူးတပ်ဖွဲ့က ရနောင်းနယ်ထဲ နေရာ ၅ နေရာကနေ ဖမ်းဆီးခဲ့တာလို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီနေတဲ့ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။

signal-2022-09-03-44343 PM.jpeg
Photo - Ye Minn ( ရနောင်းခရိုင်အတွင်းက ဖမ်းမိထားတဲ့ ရွေ့ပြောင်းအလုပ်သမားများကို စက်တင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ် )

"ရနောင်းခရိုင်ထဲက နေရာငါးနေရာမှာ ဖမ်းဆီးခံလိုက်ရတာပါ၊ထိုင်းဘက်လည်း ဘယ်နေရာဆိုတာ အတိအကျ မထုတ်ပြတ်ပါဘူး၊ ဒီဘက်မှာက နိုင်ငံရေးမကောင်းတော့ တရားမဝင် ဝင်တဲ့သူတွေများလာတော့ ထိုင်းဘက်ကလည်း တောတွင်းလမ်းကြောင်းတွေပါ ဝင်ရှာဖမ်းတာ"

ဖမ်းဆီးခံထားရတဲ့ ရွှေ့ပြောင်းအလုပ်သမား ၅၀ ကျော်ကို ရနောင်းအခြေစိုက် ရဲစခန်းကို ခေါ်ဆောင်သွားပေမဲ့၊ဘယ်ရဲစခန်းကို ခေါ်သွားတယ်ဆိုတာ အတိအကျ မသိရဘူးလို့ သူက ဆိုပါတယ်။

signal-2022-09-03-44356 PM.jpeg
Photo - Ye Minn ( ရနောင်းခရိုင်အတွင်းက ဖမ်းမိထားတဲ့ ရွေ့ပြောင်းအလုပ်သမားများကို စက်တင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ် )

နိုင်ငံရေးအခြေအနေ မတည်ငြိမ်တာကြောင့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးကို ပွဲစားခ ဘတ်နှစ်သောင်း(မြန်မာငွေ ၁၆ သိန်း)နီးပါးပေးပြီး၊ တရားမဝင်လမ်းကြောင်းကနေ ထိုင်းနိုင်ငံဘက်ကို ဝင်ရောက်နေကြရတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီနေသူတွေက ဆိုပါတယ်။

စစ်အာဏာသိမ်းထားတဲ့ တစ်နှစ်ခွဲကျော် ကာလအတွင်းမှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်တာကြောင့် လူ ၆၀၀၀၀ နီးပါး ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထားတယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီနေတဲ့အဖွဲ့တွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။