သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-10-06
အရပ်ဖက် လူမှုအဖွဲ့အစည်းတွေအနေနဲ့ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်မှသာ လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို စောင့် ကြည့်လေ့လာခွင့်ရမှာဖြစ်သလို အဲဒီအဖွဲ့တွေရဲ့ တိုင်ကြားမှုှတွေကိုလည်း အရေးယူဆောင်ရွက်သွား မှာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောကြားလိုက်ပါတယ်။
2014-10-06
ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော် DKBA က သိမ်းယူထားတဲ့ မြန်မာ့ တပ်မတော်ပိုင် လက်နက်တွေကို ဒီကေဘီအေ ဒုတိယစစ်ဦးစီးဌာနချုပ် ဒုတိယဗိုလ်ချုပ် ကြီး စောမူဆေးက ကော့ကရိတ်မြို့က စခရ ၁၂ စစ် ကွပ်ကဲရေးဌာနမှာ မြန်မာစစ်တပ်အရာရှိတွေကို ဒီနေ့ ပြန်လည်အပ်နှံခဲ့ပါတယ်။
2014-10-06
ထိုင်းနိုင်ငံ ခိုတောင်ကျွန်းမှာ အသတ်ခံရတဲ့ ဗြိတိန်နိုင်ငံသားစုံတွဲ ၂ ဦးအမှုနဲ့ပတ်သက် ပြီး ဗြိတိန် အစိုးရအနေနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးမှု တစ်ရပ် ပြုလုပ်ပေးဖို့ အင်တာနက်ကနေ လက်မှတ် ထိုး လှုံ့ဆော်တဲ့ လှုပ်ရှားမှုတစ်ခုကို ဂျပန်နိုင်ငံသားတစ်ဦးက စတင်လိုက်ပါတယ်။
2014-10-05
ဧရာဝတီတိုင်း လယ်ယာမြေ စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့ (၂) အဖွဲ့ဝင်၊ မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်း ပြုလုပ်မယ့် ပြည်သူ့လွှတ်တော် အတွေ့အကြုံ ရှင်းလင်းပွဲကို စနေနေ့ည ၁၂ နာရီကမှ အကန့်အသတ်နဲ့ ခွင့်ပြုချက်ပေးတဲ့အတွက် တနင်္ဂနွေနေ့က ကျင်းပလိုက်နိုင်ပါတယ်။
2014-10-05
ရခိုင်ပြည်နယ်၊မြောက်ဦးမြို့မှာ ရှေးဟောင်း နန်းတော် ကုန်းတံတိုင်းတွေကို တူးဖော် ရာကနေ ထွက်ရှိလာတဲ့ မြေစာတွေကို စစ်တွေ-ရန်ကုန် ကားလမ်းမတိုးချဲ့ရာမှာ အသုံးပြုနေ တာကြောင့် မြို့ခံတွေက ကန့်ကွက်နေကြပါတယ်။
2014-10-05
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အရှေ့ပိုင်း စစ်ဌာနချုပ်၊ ဆက်သွယ်ရေးတပ်နဲ့ ယာဉ်ထိန်း ရဲစခန်းရှေ့မှာ မနေ့ညက ဗုံးသုံးလုံး ပေါက်ကွဲခဲ့ တာကြောင့် ယာဉ်ထိန်းရဲနှစ်ဦး လက်မောင်း နဲ့ ခြေထောက်တွေမှာ ဒဏ်ရာရရှိခဲ့တဲ့အတွက် စဝ်စံထွန်းဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးဝါး ကုသမှုခံယူနေရပါတယ်။
2014-10-05
ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့နယ် ရန်ကုန်-မန္တလေး လမ်းမကြီးနံဘေးရှိ အင်းတကော်ကျေးရွာက ဗိုလ်ချုပ်ကျောက်တိုင်နဲ့ ဗိုလ်တဲ မြေနေရာကို ကုမ္ပဏီ တခုက သိမ်းယူထားတာနဲ့ ပတ်သက်ပြီး ကန့်ကွက်တဲ့ ဒေသခံတွေ ကို အမည်မသိ လူဆိုးတချို့က ဝင်ရောက် ရိုက်နှက် ခဲ့တယ်လို့ သိရပါတယ်။
2014-10-05
ဟောင်ကောင်က ကျောင်းသားပြည်သူတွေ ရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုကို အားပေးထောက်ခံတဲ့ လှုပ်ရှားမှုတစ်ခုကို ကျောင်းသား ၊ ကျောင်းသူအယောက် ၅၀ လောက်က ဒီကနေ့ညနေမှာ ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံထဲမှာ ပြုလုပ်ခဲ့ကြ ပါတယ်။
2014-10-05
ပြီးခဲ့တဲ့ ပြည်ထောင်စု လွှွတ်တော်မှာ အတည်ပြုပြီးဖြစ်တဲ့ ပြည်ပချေးငွေ လေးခု ဟာ အခုအစိုးရ လက်ထက်မှာ မရရှိနိုင် ဘူးလို့ ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က ဒီနေ့ ရန်ကုန် လွှတ်တော်ရုံးမှာ မီဒီယာတွေ နဲ့ တွေ့ဆုံစဉ် ပြောပါတယ်။
2014-10-05
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်ကို လက်မှတ်ထိုးနိုင်မှ ၂ဝ၁၅ ခုနှစ်ရွေးကောက် ပွဲ အောင်မြင်ရေးအတွက် ရေရာသေချာမယ်ဆိုတဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကပြောခဲ့တဲ့ စကားတွေနဲ့ ပတ်သက်ပြီး NLD ပါတီပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နဲ့ NNDP ပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်တို့နှစ်ဦးနဲ့ ဆက်သွယ် ပြီး ဆွေးနွေးတင်ပြထားပါတယ်။
2014-10-05
မြန်မာ့အရေးဆောင်ရွက်သူ ၅ဝ ခန့် မနေ့က မွန်းလွဲပိုင်းက အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြကြပါတယ်။
2014-10-05
ခါကာဘိုရာဇီ ရေခဲတောင်ကနေ ပြန် အဆင်းမှာ အခြေစိုက်စခန်းနဲ့ အဆက် အသွယ်ပြတ်ပြီး ပျောက်ဆုံးနေတဲ့ သဘာဝခေါ် သံဖောင်ဒေးရှင်းက အဖွဲ့ဝင် ၂ ယောက် ရှာဖွေမှုတွေကို ယာယီ ရပ်နားလိုက်ကြောင်း ထူးဖောင်ဒေးရှင်း တာဝန် ရှိသူတွေက ပြောကြားလိုက်ပါတယ်။
2014-10-04
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP အနေနဲ့ ရခိုင်ပြည်နယ်မှာ လာမယ့် ၂၀၁၅ ခုနှစ်က စတင်ပြီး လူ့စွမ်းအား အရည်အသွေးမြှင့်တင်နိုင်မယ့် စီမံ ချက်တွေကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက် သွားမှာဖြစ်ကြောင်း စစ်တွေမြို့ အခြေစိုက် UNDP ရဲ့ ရခိုင်ပြည်နယ်တာဝန်ခံ Ms. Simonetta Rossi က ပြော ကြားလိုက်ပါတယ်။
2014-10-04
ရှမ်းပြည်နယ်မှာပြန်ဖြစ်လာတဲ့ ပစ်ခတ် တိုက်ခိုက်တာတွေ အမြန်ဆုံးရပ်ဖို့ ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့လက်နက် ကိုင်တော်လှန်ရေးအဖွဲ တွေရဲ့ ခေါင်းဆောင်တွေက သမ္မတဦးသိန်းစိန် ဆီကို မနေ့က စာတစောင်ရေးသားပြီး တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
2014-10-04
နေပြည်တော် ဇေယျာသီရိမြို့အနီး ရွှေ သတ္ထုတွေ့ရှိတဲ့ရှိအတွက် နာမည်ကျော်နေ တဲ့ ကကြားတောင်တစ်ဝိုက်က ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့နေရာကို ဝင်ရောက်ပြီး ရွှေတူးခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရတဲ့ ကြည်တောင်၊ ခေါမနဲ့ ဝဲစုရွာတွေက ရွာသား ၂၀ ဦးကို မနေ့က ထောင်ဒဏ်တစ်လစီ အပြစ်ပေးလိုက် တယ်လို့ သိရပါတယ်။