ရာသီဥတုကြောင့် ပျောက် ဆုံး တောင်တက်သမား ၂ ဦး ရှာဖွေရေး ယာယီရပ်ဆိုင်း


2014.10.05
italy-rescue-team-305.jpg ပျောက်ဆုံးတောင်တက်သမားတွေကို ရှာဖွေခဲ့တဲ့ အီတလီကယ်ဆယ်ရေးအဖွဲ့ သတင်းစာရှင်းလင်းစဉ်
Photo: Kyaw Htoon Naing/RFA

ခါကာဘိုရာဇီ ရေခဲတောင်ကနေ ပြန်အဆင်းမှာ အခြေ စိုက်စခန်းနဲ့ အဆက်အသွယ်ပြတ်ပြီး ပျောက်ဆုံးနေတဲ့ သဘာဝခေါ်သံဖောင်ဒေးရှင်းက အဖွဲ့ဝင် ၂ ယောက် ရှာဖွေမှုတွေကို ယာယီ ရပ်နားလိုက်ကြောင်း ထူးဖောင်ဒေးရှင်း တာဝန်ရှိသူတွေက ပြောကြားလိုက် ပါတယ်။

ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကန်တော်ကြီးပတ်လမ်း မှာရှိတဲ့ ကန်တော်ကြီးပဲလေ့(စ်) ဟိုတယ်မှာ မနေ့က ကျင်းပတဲ့ ခါကာဘိုရာဇီရေခဲတောင်မှာ ပျောက်ဆုံးနေ သူတွေကို ရှာဖွေမှုအတွေ့အကြုံရှင်းလင်းပွဲမှာ ထူးဖောင်ဒေးရှင်း ပြန် ကြားရေးတာဝန်ခံ ဦးဖြိုးကိုကို က ပြောကြားခဲ့တာပါ။

"ရာသီဥတု ရေခဲတောင်ရဲ့အခြေအနေ နောက် ပြီးတော့ ရှာဖွေရေးက ၁ လ နည်းပါးကြလာတဲ့ အခါကျတော့ ကျနော်တို့အသုံးပြုတဲ့ ရှာဖွေရေး ရဟတ်ယာဉ်တွေ  ပစ္စည်းကိရိယာတွေ အဲ့ဒါတွေကို ကျနော်တို့ မနားပေးရမယ့်အပိုင်းတွေရှိတဲ့အတွက် ခေတ္တယာယီ ရပ်ဆိုင်းမယ်လို့ Page ပေါ်မှာတင်ထားပါ တယ်၊ ဘယ်နေ့ဘယ်ရက်ဆိုပြီးလို့တော့ ကျနော်တို့ တိတိကျကျမထုတ်ပြန်နိုင်သေးဘူး တကယ်လို့ သိရင်တော့ ကျနော်တရားထုတ်ပြန်သွားမှာပါ"

တက္ကသိုလ် ခြေလျင်နှင့် တောင်တက်အသင်း (သဘာဝခေါ်သံဖောင်ဒေးရှင်း) က အဖွဲ့ဝင် ၂ ဦးဖြစ်တဲ့ ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူတို့ဟာ သြဂုတ်လ ၃၁ ရက်နေ့က အရှေ့တောင်အာရှမှာ အမြင့်ဆုံးဖြစ်တဲ့ ခါကာဘိုရာဇီ တောင်ထိပ်ကနေ ပြန်အဆင်းမှာ အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

အီတလီနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့ဟာ ခါကာဘိုရာဇီရေခဲတောင်ရဲ့ အမြင့်ပေ ၁၆ဝဝဝ အထိ ရဟတ်ယာဉ်နဲ့ သွားရောက် ရှာဖွေခဲ့ကြပြီး ရာသီဥတုဆိုးရွားတဲ့အတွက် ဆက်လက်မရှာဖွေ နိုင်ခဲ့ကြောင်းလည်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ တောင်တက်သမား ၂ ဦး ရှာဖွေရေးလုပ်ငန်းတွေကို အမေရိကန်၊ အီတလီ၊ နီပေါ၊ ဂျပန်နဲ့ တရုတ်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့ဝင်တွေနဲ့ ထူးဖောင်ရှင်းကပူပေါင်းပြီး ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အဲ့ဒီတောင်တက်သမား ၂ ဦးကို ရာသီဥတု အကောင်းဆုံးအချိန်တွေဖြစ်တဲ့ လာမယ့် နိုဝင်ဘာနဲ့ မေလတွေမှာ ဆက်လက် ရှာဖွေဖို့ ဒီအီတလီကယ်ဆယ်ရေးအဖွဲ့က ထူးဖောင်ဒေးရှင်းကို အကြံပြုခဲ့တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။