နေပြည်တော်အနီး ရွှေတူးဖော်သူ ရွာသား၂၀ ဦး ထောင်ချခံရ
2014.10.04

နေပြည်တော် ဇေယျာသီရိမြို့အနီး ရွှေသတ္ထုတွေ့ရှိတဲ့ရှိ အတွက် နာမည်ကျော်နေတဲ့ ကကြားတောင်တစ်ဝိုက်က ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့နေရာကို ဝင်ရောက်ပြီး ရွှေ တူးခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရတဲ့ ကြည်တောင်၊ ခေါမနဲ့ ဝဲစုရွာတွေက ရွာသား ၂၀ ဦးကို မနေ့က ထောင်ဒဏ် တစ်လစီ အပြစ်ပေးလိုက်တယ်လို့ သိရပါတယ်။
ရွာသားတွေ အဖမ်းခံခဲ့ရတာနဲ့ပတ်သက်လို့ ကြည်တောင်ကျေးရွာသူ မလီလီကျော်ဝင်းက RFA ကို ပြောပါတယ်။
"တရားရုံးကို တခါတည်းခေါ်သွားပြီး ပုဒ်မ ၁၈၈ နဲ့ ထောင် ၁ လချလိုက်တာပါ၊ ရမည်းသင်းထောင်ကို တခါတည်းပို့လိုက်တာပါ"
ကကြားတောင်မှာ ရွှေထွက်တာကို ပြီးခဲ့တဲ့ စက်တင်ဘာလ၂၁ရက်နေ့က သစ်ခုတ်ဝါးခုတ်တဲ့ ဒေသခံတွေက စတင်တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီအနားက ပေါင်းလောင်းရေလှောင်တမံနဲ့ ရေအားလျှပ်စစ်ဝင်း လုံခြုံရေးအတွက် ဆိုပြီး ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေးမှူးက စက်တင်ဘာလ ၂၇ ရက်နေ့မှာ တားမြစ်နယ်မြေအဖြစ် ပုဒ်မ၁၄၄ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။