ထိုင်းလူသတ်မှုအတွက် လွတ်လပ် တဲ့ စုံစမ်းမှုတစ်ခုပြုလုပ်ပေးဖို့ ဗြိတိန်ကိုတောင်းဆို


2014.10.06
kao-tao-victim-305.jpg ခိုတောင်ကျွန်းမှာ အသတ်ခံရတဲ့ ဗြိတိန်နှစ်ဦးပုံ
Photo: Metro Uk

ထိုင်းနိုင်ငံ ခိုတောင်ကျွန်းမှာ အသတ်ခံရတဲ့ ဗြိတိန်နိုင်ငံ သားစုံတွဲ ၂ ဦးအမှုနဲ့ပတ်သက်ပြီး ဗြိတိန် အစိုးရအနေနဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးမှုတစ်ရပ် ပြုလုပ်ပေးဖို့ အင်တာနက်ကနေ လက်မှတ် ထိုးလှုံ့ဆော်တဲ့ လှုပ်ရှားမှု တစ်ခုကို ဂျပန်နိုင်ငံသားတစ်ဦးက စတင်လိုက်ပါတယ်။

ဒီအမှုနဲ့ပတ်သက်လို့ ထိုင်း ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန် ချက်တွေဟာ ရှေ့နောက်မညီတဲ့အပြင် လူသတ်တရားခံ အဖြစ်စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသား ၂ ဦးဟာ အကွက် ဆင်လက်ထောက်ချခံရတာ ဖြစ်နိုင်ကြောင်း ဒီလက်မှတ် ထိုးတောင်းဆိုလှုပ်ရှားမှုကို စတင်တဲ့ Christopher Hankins က ပြောပါတယ်။

ဗြိတိန်အစိုးရနဲ့ ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးထံ လိပ်မူထားတဲ့ ဒီစာမှာ ထိုင်းရဲတပ်ဖွဲ့ဟာ အဂတိလိုက်စား မှုတွေအပြည့်နဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာအလုပ် သမား ၂ ဦးရဲ့ ထွက်ဆိုချက် တွေဟာ ညှဉ်းပန်းနှိပ်စက်ခြိမ်းခြောက်မှုတွေကြောင့် ထွက်ဆိုရတာဖြစ်နိုင်တယ်လို့ လည်း ဖော်ပြထားပါတယ်။

ထိုင်းရဲတပ်ဖွဲ့ရဲ့ တရားခံမြောက်ကြောင်းသက်သေပြချက်တွေ ရှေ့နောက်မညီ၊ မခိုင်လုံတာကို လန်ဒန်ထုတ် London Evening Standard နဲ့ ဘီဘီစီသတင်း ထောက်တစ်ဦးဖြစ်သူ Andrew Dummond ရဲ့ဆောင်းပါး ထွက်ပေါ်လာအပြီး ဒီလှုပ်ရှားမှုကို စတင်ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။