စစ်ရှောင်အရေးနဲ့ မြန်မာ့နိုင်ငံရေး ထိုင်းလွှတ်တော်မှာ ဆွေးနွေး

RFA Burmese
2025.03.23
စစ်ရှောင်အရေးနဲ့ မြန်မာ့နိုင်ငံရေး ထိုင်းလွှတ်တော်မှာ ဆွေးနွေး ထိုင်းလွှတ်တော်တွင် ကျင်းပနေသည့် နယ်စပ်အရေးနှင့် မြန်မာ့အရေး ဆွေးနွေးပွဲအား ၂၀၂၅ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။
Photo: ASEAN Parliamentarians for Human Rights - APHR

စစ်တပ်အာဏာသိမ်းပြီးနောက် ပိုမိုဆိုးရွားလာနေတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ထိုင်း-မြန်မာနယ်စပ် လုံခြုံရေး အခြေအနေတွေအကြောင်း ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့က လွှတ်တော်အဆောက်အအုံမှာ မတ်လ ၂၂ ရက်နဲ့ ၂၃ ရက် နှစ်ရက်တာ ကျင်းပနေပါတယ်။

ဒီဆွေးနွေးပွဲကို ထိုင်းလွှတ်တော်ကော်မတီက စီစဉ်ကျင်းပတာဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH နဲ့ မြန်မာ့လူ့အခွင့်အရေးအဖွဲ့တွေ တက်ရောက်နေပါတယ်။

ဆွေးနွေးပွဲ ပထမနေ့မှာ ထိုင်းနိုင်ငံရဲ့ နယ်စပ်လုံခြုံရေး စိန်ခေါ်မှုတွေနဲ့ မြန်မာ့နိုင်ငံရေး အပါအဝင် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေး အစရှိတာတွေ ဆွေးနွေးပြီး မတ်လ ၂၃ ရက်နေ့ ဒီနေ့မှာ နယ်စပ်တစ်လျှောက်က စစ်ဘေးရှောင်တွေအရေး ဆွေးနွေးမယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။