အရပ်ဖက် လူမှုအဖွဲ့အစည်းများ မှတ်ပုံတင်ရန် ရွေးကောက် ပွဲကော်မရှင် ဥက္ကဌ ပြော
2014.10.06

အရပ်ဖက် လူမှုအဖွဲ့အစည်းတွေအနေနဲ့ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်မှသာ လာမယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့ လာခွင့်ရမှာဖြစ်သလို အဲဒီအဖွဲ့တွေရဲ့ တိုင်ကြားမှုှတွေ ကိုလည်း အရေးယူဆောင်ရွက်သွား မှာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောကြားလိုက်ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ထားဝယ်မြို့ မြိုတော်ခန်းမမှာပြုလုပ် တဲ့ နိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့တွေဆုံပွဲ မှာ အခုလိုပြောသွားခဲ့တာလို့ တွေဆုံပွဲကိုတက်ရောက် ခဲ့တဲ့ ထားဝယ်လူ့အခွင့်အရေး စောင့်ကြည့်ရေးကွန်ရက် က ကိုသန်းဝင်းက ပြောပါတယ်။
"စောင့်ကြည့်လေ့လာချင်လို့ရှိရင် သူတို့ဆီမှာ လျှောက် ထားရပါမယ်၊ အဲ့လိုလျှောက်ထားတဲ့သူက ပါတီ နိုင်ငံရေး ကင်းရှင်းရပါမယ်၊ သူတို့ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီလို့ရှိရင် စောင့်ကြည့်လေ့လာ ခွင့်ကတ် ထုတ်ပေးမယ်၊ အဲ့ဒီကတ်ရတဲ့လူတွေက တစ်ခုခုအစီရင်ခံလာလို့ရှိရင် သူတို့ကအရေးတယူ ဖြေရှင်းပေး မယ်လို့ပြောတယ်၊ ကျန်တဲ့သူတို့ ခွင့်မပြုထားပဲနဲ့ တက်လာတဲ့ အစီရင်ခံစာကျတော့ သူတို့က အရေးယူဆောင် ရွက်ခွင့်မပြုဘူး၊ စောင့်ကြည့်လေ့လာမှုကိုတော့ မတားဆီးပါဘူး၊ ခွင့်ပြုပါတယ်၊ အကုန်လုံးစောင့်ကြည့်လေ့ လာနိုင်တယ်လို့ ပြောပါတယ်"
၂၀၁၅ ရွေးကောက်ပွဲကို မလွဲမသွေ ကျင်းပပြုလုပ်သွားမယ့်အကြောင်းနဲ့ အမျိုးသားလွှတ်တော်မှာ ပီအာစနစ်ကို ကျင့်သုံးသွားနိုင်ကြောင်းကိုလည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ တွေဆုံပွဲကို အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်၊ ထားဝယ်တိုင်းရင်းသားများ ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ စတဲ့ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက လူ ၂၀၀ ကျော် တတ်ရောက်ခဲ့ပါတယ်။