သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-04-11
ရေဦးနဲ့ခင်ဦးဆက်သွယ်ထားတဲ့ မူးမြစ်ကူးတံတားကနေ ခင်ဦးဘက်အခြမ်းကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ရွာပေါင်းခုနစ်ရွာက ဒေသခံသုံးထောင်ကျော် ထွက်ပြေးနေရပါတယ်။
2023-04-11
တန့်ဆည်မြို့နယ်၊ ချောင်းရိုးရွာကို စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့တာကြောင့် ဒေသခံ ငါးထောင်ဝန်းကျင် အိုးအိမ်စွန့်စွာ ထွက်ပြေးနေရတယ်လို့ ပြောပါတယ်။
2023-04-11
ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် လူ ၅၀ ကနေ ၁၀၀ ကြား သေဆုံးပြီး၊ နောက်ထပ် လူ ၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
2023-04-10
မြန်မာနိုင်ငံ ဒီမိုကရေစီရေးကြိုးပမ်းနေသူတွေကို ဆက်လက်ထောက်ခံအားပေးသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် (Antony Blinken)က ပြောလိုက်ပါတယ်။
2023-04-10
ကိုစောဖြိုးလေးဟာ လွှဲပြောင်းတဲ့အချိန်မှာ ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးခံရတဲ့အတွက် သေဆုံးသွားပြီလို့ Lion Battalion ဗျူဟာစစ်ကြောင်းရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုအညာသားက RFA ကို ပြောပါတယ်။
2023-04-10
ကိုကိုးကျွန်းမှာ တရုတ်အလုပ်သမားတွေ အလုပ်လုပ်နေတဲ့ ဂြိုဟ်တုက ရိုက်ထားတဲ့ ဓာတ်ပုံတွေကို အိန္ဒိယအစိုးရအရာရှိတွေက စစ်ကောင်စီလက်အောက်ခံ အရာရှိတွေကို ပြခဲ့ပါတယ်။
2023-04-10
လူတွေကို ဒုက္ခရောက် ဆင်းရဲအောင် လုပ်နေတဲ့စနစ်၊ လူ့သက်တမ်းမကုန်သေးဘဲ အသက်ဆုံးရှုံးနေရတဲ့ စနစ်ချုပ်ငြိမ်းဖို့ ကြိုးစားကြရမယ်လို့ တိုက်တွန်းလိုက်တဲ့အကြောင်း UCA သတင်းမှာ ဖော်ပြထားပါတယ်။
2023-04-10
စစ်အုပ်ချုပ်ရေး မကြေညာခင်ကထက် တိုက်ပွဲအကြိမ်ပေါင်း သုံးဆတိုးလာတာလို့ ISP-Myanmar ရဲ့ အချက်အလက်တွေမှာ ဖော်ပြပါတယ်။
2023-04-10
AA ရဲ့ ၁၄ နှစ်ပြည့် တပ်တော်နေ့ကို NUG အပါအဝင် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ ၂၀ ကျော်က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
2023-04-10
AA တည်ထောင်ခြင်း ၁၄ နှစ်ပြည့်နေ့ကို NUG အပါအဝင် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ ၂၀ ကျော်က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
2023-04-10
တိုက်ပွဲရက်ရှည်ဖြစ်နေတဲ့ ရွှေကူမြို့နယ် အရှေ့ဘက်ခြမ်းက စီသောင်၊ မံခါးနဲ့ စီမော်ရွာက နေအိမ် တစ်ရာကျော်ကို စစ်ကောင်စီတပ်က မီးထပ်ရှို့ခဲ့ပါတယ်။
2023-04-10
မဲဆောက်ကို ဆေးကုသဖို့လာသူ PDF သုံးဦး ထိုင်းလူ၀င်မှုကြီးကြပ်ရေးဂိတ်မှာ အဖမ်းခံရပြီး BGF တွေရှိနေတဲ့ လှေဆိပ်မှာ လွှတ်ပေးတာကြောင့် BGF တွေက ဖမ်းဆီးလိုက်ပြီး စစ်ကောင်စီလက်ကို အပ်လိုက်ပါတယ်။
2023-04-10
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မြောက်ပိုင်းမှာ နယ်ခြားစောင့်တပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ခဲ့ပြီး ပူးပေါင်းတပ်တွေဘက်က သေဆုံးသူတွေ ရှိနေပါတယ်။
2023-04-10
ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ စာသင်ကျောင်းအနီး ဧပြီ ၁၀ ရက်နေ့မှာ စစ်ကောင်စီတပ် လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကျောင်းအုပ်ဆရာကြီးအပါအဝင် ဒေသခံ ကိုးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။
2023-04-10
မကြာခင်ကျရောက်မယ့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကို စစ်ကောင်စီက နိုင်ငံတစ်ဝန်း စည်စည်ကားကားကျင်းပဖို့ ပြင်ဆင်နေသလို အတိုက်အခံ အင်အားစုတွေဘက်ကလည်း သင်္ကြန်မှာ ပြည်သူတွေမပါဝင်ဖို့ တိုက်တွန်းနှိုးဆော်နေပါတယ်။