ကိုကိုးကျွန်းမှာ ဆိပ်ကမ်းဆောက်ကြောင်း အိန္ဒိယသတင်း တရုတ်ငြင်းဆို
RFA Burmese
2023.04.10
2023.04.10
ကိုကိုးကျွန်းမှာ စောင့်ကြည့်ဆိပ်ကမ်းတစ်ခုကို တရုတ်အလုပ်သမားတွေရဲ့အကူအညီနဲ့ ဆောက်လုပ်နေတယ် ဆိုတဲ့ အိန္ဒိယရဲ့သတင်းကို တရုတ်ဘက်က ပြန်ပြီး ငြင်းဆိုတယ်လို့ Bloomberg သတင်းတစ်ပုဒ်မှာ ဧပြီလ ၁ဝ ရက် ဒီနေ့ ဖော်ပြလိုက်ပါတယ်။
အဲဒီသတင်းဟာ လုံးဝအခြေအမြစ်မရှိဘူးလို့ တရုတ်နိုင်ငံခြားရေးဌာနက တုံ့ပြန်ပြောဆိုလိုက်တာပါ။
အိန္ဒိယသမုဒ္ဒရာထဲက ကိုကိုးကျွန်းမှာ တရုတ်အလုပ်သမားတွေ အလုပ်လုပ်နေတဲ့ ဂြိုဟ်တုက ရိုက်ထားတဲ့ ဓာတ်ပုံတွေကို အိန္ဒိယအစိုးရအရာရှိတွေက စစ်ကောင်စီလက်အောက်ခံ အရာရှိတွေကို ပြခဲ့ပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်လို့ တရုတ်ဘက်က ငြင်းလိုက်တာပါ။
ကိုကိုးကျွန်းမှာ တရုတ်က အဆောက်အအုံတွေ ဆောက်လုပ်နေတယ်ဆိုတာ အခြေအမြစ်မရှိတဲ့ စွပ်စွဲတာပဲဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရသူကလည်း အစောပိုင်းမှာ ပြောထားပါတယ်။