မြန်မာပြည်သူတွေကို ဆက်လက်ထောက်ခံသွားမယ်လို့ အမေရိကန်ပြော

RFA Burmese
2023.04.10
မြန်မာပြည်သူတွေကို ဆက်လက်ထောက်ခံသွားမယ်လို့ အမေရိကန်ပြော ၂ဝ၂၃ ခုနှစ် ဧပြီလ ၄ ရက်နေ့က ဘယ်လ်ဂျီယံနိုင်ငံခရီးစဉ်တွင် တွေ့ရသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် (Antony Blinken)။
Reuters

မြန်မာနိုင်ငံ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေ၊ မြန်မာ့အကျပ်အတည်း အဆုံးသတ်ရေးနဲ့ အားလုံးပါဝင်တဲ့ အနာဂတ် ဒီမိုကရေစီ တည်ဆောက်ရေး ကြိုးပမ်းနေသူတွေကို ဆက်လက်ထောက်ခံအားပေးသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် (Antony Blinken)က ပြောလိုက်ပါတယ်။

မြန်မာနှစ်သစ် သင်္ကြန်အခါသမယမှာ မြန်မာပြည်သူတွေအတွက် မနေ့က ပေးပို့တဲ့ နှစ်သစ်ဆုမွန်သဝဏ်လွှာမှာ ပြောလိုက်တာပါ။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရှိပြီး မြန်မာပြည်သူတွေ ကောင်းခြင်းမင်္ဂလာနဲ့ ပြည့်စုံပါစေကြောင်း အမေရိကန်အစိုးရကိုယ်စား ပြောကြားလိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

သင်္ကြန်ဆိုတာ အဟောင်းက အသစ်ကူးပြောင်းတဲ့ အခါသမယ ဖြစ်ပြီး မြန်မာပြည်သူတွေ လိုလားတောင့်တတဲ့ ငြိမ်းချမ်းရေးနဲ့ သာယာရေးတန်ဖိုးတွေကို ထင်ဟပ်တဲ့ အခွင့်အလမ်းတစ်ရပ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက နေရာအနှံ့ အကြမ်းဖက်မှုကျူးလွန်ပြီး အရပ်သားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်နေတာတွေအတွက် စစ်ကောင်စီက တာဝန်ယူမှု တာဝန်ခံမှု ရှိစေရေး နိုင်ငံတကာက ကြိုးပမ်းမှုတွေမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ဆက်လက်ဦးဆောင်ဖို့ သန္နိဋ္ဌာန်ချမှတ်ထားကြောင်းလည်း သဝဏ်လွှာမှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။