သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-12-13
ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို KNLA၊ PDF နဲ့ BPLA တို့ ဒီဇင်ဘာ ၁၃ ရက် မှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ အဲဒီအဖွဲ့တွေက ပြောပါတယ်။
2023-12-13
စစ်တွေမြို့မှာ သမ္ဗန်လှေသမားတွေ အပါအဝင် ကိုးရီးယား ဆိပ်ကမ်းလို့ခေါ်တဲ့ လှေဆိပ်မှာ စျေးရောင်းနေသူ ဒေသခံသုံးဆယ်ကျော် ဖမ်းဆီးခံလိုက်ရပါတယ်။
2023-12-13
Dawei Watch သတင်းဌာနရဲ့ သတင်းထောက်နှစ်ဦးကို စစ်တပ်က ဒီဇင်ဘာ ၁၁ ရက် ညသန်းခေါင်အချိန်မှာ နေအိမ်မှာ လာဖမ်းသွားတယ်လို့ အယ်ဒီတာချုပ် ကိုကျော်ဆန်းမင်းက ပြောပါတယ်။
2023-12-13
နမ့်ဆန်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေသလို လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား သုံးဦး သေဆုံးခဲ့ပါတယ်။
2023-12-13
ဖျာပုံမြို့နယ် ချောင်းတွင်းရွာ NLD ပါတီ ရပ်ကျေးဥက္ကဋ္ဌဟောင်း ဦးသန်းလွင် အပါအဝင် အရပ်သားကိုးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။
2023-12-13
မော်လူးမြို့မှာ အင်အားသုံးဆယ်ဝန်းကျင်ရှိတဲ့ တိုက်နယ်ရဲစခန်းတစ်ခုသာရှိပြီး ဒီနေ့မနက် ၇ နာရီလောက်မှာ သိမ်းပိုက်နိုင်ခဲ့သလို မြို့တစ်ခုလုံးကိုပါ ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုပါတယ်။
2023-12-13
မြန်မာနိုင်ငံကိုလာရောက်မယ့် ရုရှားခရီးသွားတွေအတွက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအထိ ဗီဇာကင်းလွတ်ခွင့် ပေးထားတယ်လို့ စစ်ကောင်စီရဲ့ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၈ ရက်မှာ ကြေညာထားပါတယ်။
2023-12-13
နယ်စပ်တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ထဲ ဝင်ရောက်လာတဲ့ မြန်မာစစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော် (၂၂၆၀) ရှိပါတယ်။
2023-12-13
ဖျာပုံမြို့ဟာ နန်းတွင်းမြန်မာ ရာမာယဏဇာတ်ပွဲဖျော်ဖြေမှုနဲ့ နာမည်ကြီးပါတယ်။ ရာမာယဏဇာတ်ကပြရင် မြို့သူမြို့သားတွေ ဘေးအန္တရာယ်ကင်းတယ်ဆိုတဲ့ ယုံကြည်မှုနဲ့ နှစ်တိုင်း မပျက်မကွက်ကနေတာ အခုဆိုရင် ၁၄၅ နှစ် ရှိပါပြီ။
2023-12-13
ပဲခူးတိုင်း၊ ဖြူးမြို့နယ်အစပ် စစ်တောင်းမြစ်ဘေးက ရွာတွေကို ဒီဇင်ဘာ ၁၂ ရက်နေ့မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အသက်ခြောက်ဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။
2023-12-12
ပြည်သူတွေလိုလားတဲ့ ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝတဲ့အထိ ပြည်သူတစ်ရပ်လုံးနဲ့ လက်တွဲလုပ်ဆောင်သွားမယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဒီဇင်ဘာ ၁၂ ရက်နေ့ညမှာ ထုတ်ပြန်ပါတယ်။
2023-12-12
အရှေ့အာရှဒေသမှာ ကိုဗစ်ကပ်ရောဂါ မတိုင်ခင်က စီးပွားရေးအခြေအနေကို ပြန်မရောက်တာ မြန်မာတစ်နိုင်ငံပဲရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
2023-12-12
၂ဝ၂၁ ခုနှစ်ကစလို့ သုံးနှစ်ဆက်တိုက် ဘိန်းစိုက်ပျိုးမှု တိုးမြင့်လာတာဖြစ်ပြီး ဘိန်းစိုက်တောင်သူတွေရဲ့ ဝင်ငွေကလည်း ၇၅ ရာခိုင်နှုန်း တိုးလာတယ်လို့ ပြောပါတယ်။
2023-12-12
"လက်နက်ကိုင်အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ပြီး စစ်ကောင်စီကို တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်တာမျိုး လုပ်လာနိုင်တာ ကြီးမားတဲ့အောင်မြင်မှုဖြစ်ပါတယ်" - ဒေးဗစ်မက်သီဆင်
2023-12-12
မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ တရုတ်အစိုးရရဲ့ အကူအညီကိုယူပြီး တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ပြောလိုက်ပါတယ်။