သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-12-13
ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်းတွေဆောင်ရွက်ဖို့ ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ AFD ကနေ ယူရိုသန်း ၇ဝ ချေးယူမယ့်ကိစ္စကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး ပယ်ချလိုက်ပါတယ်
2018-12-13
ရခိုင်ပြည်နယ်က ဖြစ်ရပ်တွေကို သက်သေထွက်ဆိုဖို့ ကြေညာချက် ထုတ်ပြန်ထားပေမဲ့ မြန်မာနိုင်ငံမှာ လာရောက် ထွက်ဆိုဖို့ထက် ဘင်္ဂလာဒေ့ရ်ှနိုင်ငံမှာပဲ သက်သေ ထွက်ဆိုလိုကြတယ်လို့ အာရကန်ရိုဟင်ဂျာ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးအဖွဲ့ကပြောပါတယ်။
2018-12-13
ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်းတွေဆောင်ရွက်ဖို့ ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ AFD ကနေ ယူရိုသန်း ၇ဝ ချေးယူမယ့်ကိစ္စကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး ပယ်ချလိုက်ပါတယ်။
2018-12-13
တရုတ်မြန်မာ ၂နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ပြပွဲကို တလှည့်စီကျင်းပရာမှာ ဒီနှစ်တော့မြန်မာနိုင်ငံ မူဆယ်မြို့ မင်္ဂလာမူဆယ် လမ်းလျှောက်ဈေး အတွင်းမှာ ၂နိုင်ငံက တာဝန်ရှိသူတွေ တက်ရောက်ပြီး ဖွင့်ပွဲကျင်းပခဲ့ပါတယ်။
2018-12-13
နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-ခ နဲ့ ရန်ကင်းမြို့နယ် တရားရုံးမှာ တရားစွဲဆို ခံထားရတဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုကော်မတီ MDCF ခေါင်းဆောင် ဦးထင်ကျော်အမှုကို ဒီနေ့ နှစ်ဖက်လျှောက်လဲချက်တင်ခဲ့ပြီး စွဲချက်တင်မယ့်အမိန့်ကို ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ရန်ကင်းမြို့နယ်တရားရုံးက ချမှတ်မယ်လို့ သိရပါတယ်။
2018-12-13
စစ်ကိုင်းမြို့ မင်းကွန်းအကယ်ဒမီကျောင်းမှာ ဖြစ်ခဲ့တဲ့ ဘာသာရေးကိစ္စနဲ့ ပတ်သက်ပြီး ခရစ်ယာန် တရားဟောဆရာက ကျောင်းကနေ ခွင့်ပြုထားတာတက် ကျော်လွန်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အကယ်ဒမီကျောင်းမှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျောင်းအုပ်ဆရာတော် ဦးဥက္ကဋ္ဌ က မိန့်ကြားပါတယ်။
2018-12-13
ပုဂံကနေ နေပြည်တော်ကို ချီတက်တောင်းဆိုဖို့သွားတဲ့ အလုပ်သမားသပိတ်စစ်ကြောင်းကို ညောင်ဦးမြို့အထွက် ကျောက်ကူးကွေ့အနီးမှာ ဒီနေ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲခဲ့ပြီး ၁၃ ဦးကို ဖမ်းဆီးကာ ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နဲ့တရားစွဲဆိုလိုက်ပါတယ်။
2018-12-13
ရန်ကုန်တိုင်းဒေသကြီးအတွင်း စီမံကိန်းတွေဆောင်ရွက်ဖို့ ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ AFD ကနေ ယူရိုသန်း ၇၀ ချေးယူမယ့်ကိစ္စကို ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး ပယ်ချလိုက်ပါတယ်။
2018-12-13
ပိတ်မိနေတဲ့ ကချင်စစ်ဘေးဒုက္ခသည်တွေ လွတ်မြောက်ရေး တောင်းဆိုခဲ့တဲ့ ဦးဆောင်သူတွေ ထောင်ဒဏ်ချမှတ်ခံလိုက်ရတာကို မကျေနပ်တဲ့အတွက် ဆန္ဒပြခဲ့တဲ့သူ ၃ ဦးကို ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နဲ့ တရားစွဲဆိုထားတဲ့အမှုကို မြစ်ကြီးနားမြို့နယ်တရားရုံးက ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
2018-12-13
ရှမ်းပြည်ပြန်လည်ထူထောင်းရေးကောင်စီ RCSS အဖွဲ့က ပစ်ခတ်မှုကြောင့် ရှမ်းပြည်နယ်တောင် ပိုင်း၊ လွိုင်လင်မြို့နယ်၊ နမ်းဟူးရွာသား ၅ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တာတို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး အစိုးရက အရေးယူပေးဖို့ ပအိုဝ်းအဖွဲ့အစည်း ၂၃ ဖွဲ့ စုပေါင်းပြီး ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
2018-12-13
ပြည်တွင်းပြည်ပ ဆန့်ကျင်ဘက်အင်အားစုတွေနဲ့ တချို့အဖွဲ့အစည်းတွေက တပ်မတော်အခန်း ကဏ္ဍကို လျော့ကျသွားစေရေးအတွက် နည်းမျိုးစုံနဲ့ နှောင့်ယှက်ဟန့်တားတာတွေ ပြုလုပ်ပြီး တပ်မတော်ပြိုကွဲရေးအထိ ဦးတည်လုပ်ဆောင်နေတယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
2018-12-13
ကျောင်းအတွင်း လုံခြုံရေး တာဝန်ယူပေးရေး အပါအဝင် တောင်းဆိုထားတဲ့ အချက် ၃ ချက်ကို ဖြေရှင်းပေးတာမရှိတဲ့အတွက် ပါမောက္ခချုပ်ကို အရေးယူပေးဖို့ သက်ဆိုင်ရာဝန်ကြီးဌာနကို ဒီနေ့ စာပေးပို့သွာမယ်လို့ တက္ကသိုလ် ဗကသက စည်းရုံးရေးမှူး ကိုရဲမျိုးဆွေက ပြောပါတယ်။
2018-12-13
အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်မူဝါဒအရ မြန်မာနိုင်ငံဟာအဓိကကျတဲ့နိုင်ငံဖြစ်တယ်လို့ အိန္ဒိယသမ္မတ ရမ်နာသ့်ကိုဗင်က မနေ့က ပြောလိုက်ပါတယ်။
2018-12-13
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ကို မနေ့က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးရုံးမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။
2018-12-12
ရှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် တောင်နောက်ကျေးရွာအုပ်စု နမ်းဟူးကျေးရွာမှာ RCSS နဲ့ ရွာသားတွေအကြား မနေ့က ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့အတွက် နမ်းဟူးရွာသူကြီးအပါအဝင် ရွာသား ၅ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ ကျေးရွာ ဒေသခံတွေထံက သိရပါတယ်။