နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကုလအထူးကိုယ်စားလှယ် တွေ့ဆုံ


2018.12.13
dassk-christine-schraner-burgener-622.jpg နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလအထူးကိုယ်စားလှယ် Ms. Christine Schraner Burgener တို့ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံစဉ်
Photo: Myanmar State Counsellor Office

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ကို မနေ့က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးရုံးမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးပွဲမှာ နေပြည်တော်မှာ အထူးကိုယ်စားလှယ်ရဲ့ ရုံးးခန်းဖွင့်လှစ်ရေးကိစ္စနဲ့ ရခိုင်ပြည်နယ်အတွင်းက လူမှုအသိုင်းအဝန်းတွေကြား သဟဇာတရှိစွာ နေထိုင်ရေး စတဲ့ အကြောင်းအရာတွေကို ဆွေးေနွးခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ပတ်သက်ပြီး ၂ဝ၁၉ အလွန်ကာလတွေမှာ ကုလသမဂ္ဂနဲ့ရော နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ပါ ဒီထက်ပိုပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လိုအပ်နေတယ်လို့ ကွယ်လွန်သွားတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ပြောပါတယ်။ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂနဲ့ အခုလို နီးနီးကပ်ကပ် ဆက်ဆံလာတာကို ကြိုဆိုတယ်လို့လည်း ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။