ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ်ကို အရေးယူပေးဖို့ ဗကသကျောင်းသားတွေ စာပို့မည်


2018.12.13
mdy-bakatha-protest-622.jpg ရတနာပုံတက္ကသိုလ်က ဗကသကျောင်းသားတွေ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့က ကျောင်းအတွင်း လုံခြုံရေး တာဝန်ယူပေးရေး အပါအဝင် အချက် ၃ ချက်ကို တောင်းဆိုဆန္ဒပြစဉ်
Photo: Khaymani Win/RFA

ကျောင်းအတွင်း လုံခြုံရေး တာဝန်ယူပေးရေး အပါအဝင် တောင်းဆိုထားတဲ့ အချက် ၃ ချက်ကို ဖြေရှင်းပေးတာ မရှိတဲ့အတွက် ပါမောက္ခချုပ်ကို အရေးယူပေးဖို့ သက်ဆိုင်ရာဝန်ကြီးဌာနကို ဒီနေ့ စာပေးပို့သွာမယ်လို့ တက္ကသိုလ် ဗကသက စည်းရုံးရေးမှူး ကိုရဲမျိုးဆွေက ပြောပါတယ်။

အဲဒီတောင်းဆိုချက်တွေ ပြုလုပ်မပေးရင် နေ့စဉ်ဆန္ဒပြပွဲတွေ ဆက်လုပ်သွားမယ်လို့လည်း ရတနာပုံ တက္ကသိုလ်ကျောင်းရှေ့မှာလုပ်တဲ့ ဒီနေ့ ဆန္ဒပြပွဲအပြီးမှာ ပြောပါတယ်။

တက္ကသိုလ် ဆရာ၊ ဆရာမတွေကို ကျောင်းတွင်းလုံခြုံရေးစောင့်ခိုင်းတာဟာ လုံးဝမဖြစ်သင့်တဲ့အတွက် အခုလို တိုင်ကြားတာဖြစ်တယ်လို့လည်း ကိုရဲမျိုးဆွေက ပြောပါတယ်။

ကျောင်းတွင်းလုံခြုံရေး တာဝန်ယူပေးရေး၊ သန့်ရှင်းရေးဝန်ထမ်းတွေကို တိုးမြှင့်ခန့်ထားပေးရေးနဲ့ ပျက်စီးနေတဲ့ သန့်စင်ခန်းတွေကို အမြန်ဆုံးပြုပြင်ပေးရေးအတွက် ဗကသ ကျောင်းသားတွေက တောင်းဆိုနေတာဖြစ်ပြီး ဒီနေ့  ၄ ကြိမ်မြောက် ဆန္ဒပြတာဖြစ်ပါတယ်။

ဒီ ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာ ရတနာပုံတက္ကသိုလ်ကျောင်းက ကျောင်းသားတွေရဲ့ တန်ဖိုးမြင့် ယိုးဒယား ဆိုင်ကယ် အစီး ၇၀ ကျော် ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။