ရတနာပုံတက္ကသိုလ် ကျောင်းသားတွေ ဆန္ဒပြ
2018.12.07

ကျောင်းလုံခြုံရေး ချပေးဖို့၊ ပျက်စီးနေတဲ့ သန့်စင်ခန်းများပြုပြင်ပေးဖို့နဲ့ သန့်ရှင်းရေးဝန်ထမ်း တိုးမြှင့်ချထားဖို့အတွက် ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို ရတနာပုံတက္ကသိုလ် ဗကသများအဖွဲ့က တွေ့ခွင့်ပေးဖို့ တောင်းဆိုထားပေ မယ့် တိုင်းအစိုးရက လျစ်လျူရှုနေတာကြောင့် ဝန်ကြီးချုပ် အလိုရှိကြောင်း ပို့စတာတွေကပ်ပြီး ဒီနေ့ မန္တလေး ရတနာပုံ တက္ကသိုလ်မှာ ဆန္ဒထုတ်ဖော်တဲ့ လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။
ရတနာပုံတက္ကသိုလ် ဗကသများအဖွဲ့က စည်းရုံးရေးမှူး ကိုရဲမျိုးဆွေက လုံခြုံရေးနဲ့ သန့်ရှင်းရေးအတွက် အစိုးရအနေ နဲ့ ညှိနှိုင်းပြီး ဖြေရှင်းခဲ့ပေးဖိုတောင်းဆိုနေတာလို့ ပြောပါတယ်။
ဒီ ၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်အတွင်းမှာ ရတနာပုံတက္ကသိုလ်ကျောင်းက ကျောင်းသားတွေရဲ့ တန်ဖိုးမြင့် ယိုးဒယား ဆိုင်ကယ် အစီး ၂၀ လောက် ပျောက်ဆုံးခဲ့ပြီး ဒီရက်ပိုင်းအတွင်းမှာလည်း ပျောက်ဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
အခုလို ပျောက်ဆုံးမှုတွေရှိနေတာကြောင့် ရတနာပုံတက္ကသိုလ် ဆိုင်ကယ်အပ်နှံရာက ရရှိတဲ့ငွေကြေးကို ကျောင်းအတွက် ပြန်လည်အသုံးချဖို့ တောင်းဆိုတာဖြစ်တယ်လို့ ပြောပါတယ်။
ဆိုင်ကယ်ခအပ်နှံခ ကောက်ခံဖို့ကို ပညာရေးဝန်ကြီးဌာကလည်း ခွင့်ပြုမထားသလို့ ပြည်ထောင်စုအစိုးရအဖွဲ့ ကလည်း ခွင့်မပြုဘဲ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် လက်မှတ်နဲ့ ကောက်ခံနေတယ်လို့လည်း ကိုရဲမျိုးဆွေက ပြောပါတယ်။
ဒီကိစ္စတွေကို ဖြေရှင်းပေးဖို့ နိုဝင်ဘာလ ၂၇ ရက်နေ့နဲ့ ဒီဇင်ဘာလ ၄ ရက်နေ့တုန်းကလည်း ရတနာပုံတက္ကသိုလ်မှာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။