သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-08-09
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီရဲ့ ဒီကနေ့ အစည်းအဝေးမှာ လုပ်ငန်းတာဝန်တွေ ခွဲေ၀ ချမှတ်ခဲ့ကြောင်း ကော်မတီ အတွင်းရေးမှူး NLD လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။
2012-08-09
ပြည်မြို့မှာ အခြေအနေမဲ့ ကလေးတွေကို ဒေသခံ အာဏာပိုင်တွေက တောထဲသွား စွန့်ပစ်တဲ့ကိစ္စ မီဒီယာတွေကို ပြောလိုက်တဲ့ ဇင်မာလှိုင်ဆိုသူ မိန်းကလေးရဲ့အမေ ဒေါ်တင်တင်ထွေးနဲ့ အမျိုးသမီးငယ် တစ်ဦးကို ပြည်ဘူတာရုံမှာ ရဲက မနေ့ ညက ဖမ်းလိုက်တဲ့ အမှုအတွက် ပြည်မြို့နယ် တရားရုံးက ဒီနေ့ နေ့လည်မှာ အပြစ်ရှိကြောင်း အမိန့်ချပြီး ဒဏ်ငွေ ၅၀၀ ကျပ်စီ အသီးသီးချမှတ် လိုက်ပါတယ်။
2012-08-08
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အခြေအနေတွေကို မျက်မြင်ကိုယ်တွေ့ လေ့လာကြည့်ရှုဖို့ တူရကီ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ Ahmet Davutoglu ဟာ မြန်မာနိုင်ငံကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
2012-08-08
ရခိုင်ပြည်နယ် မောင်တောမြို့မှာ မနေ့ မနက်ပိုင်းက အကြမ်းဖက်သမားတွေ ဗုံးခွဲ တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ် ချထားတယ်လို့ သိရပါတယ်။
2012-08-08
မြန်မာနဲ့ အိန္ဒိယနိုင်ငံတို့ ဆက်သွယ်မယ့် ကုလားတန် မြစ်ကြောင်း ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်းမှာ ပါဝင်တဲ့ စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမား ၃၀ လောက်က လုပ်ခလစာတွေ တိုးမြှင့်ပေးဖို့နဲ့ တရားမျှတမှုရှိအောင် လုပ်ဆောင်ဖို့ သြဂုတ်လ (၈) ရက်နေ့ မွန်းလွဲ (၁) နာရီခွဲမှာ စစ်တွေဆိပ်ကမ်း လုပ်ငန်းခွင် အဝင်ဝမှာ စာရွက်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ပါတယ်။
2012-08-08
မြန်မာနိုင်ငံ ရှစ်လေးလုံး ဒီမိုကရေစီတောင်းဆို လှုပ်ရှားမှု လှုပ်ရှားမှု ၂၄ နှစ်ပြည့် အခမ်းအနားကို အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရ် ပြည်နယ် မိုးရေးမြို့မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူရုပ်တုဖွင့်ပွဲ အခမ်းအနားနဲ့အတူ ကျင်းပခဲ့ပါတယ်။
2012-08-08
၂၄ နှစ်မြောက် ရှစ်လေးလုံး လူထုအုံကြွမှု အထိမ်းအမှတ် အခမ်းအနားတွေကို အမေရိကန်ပြည်ထောင်စု အနောက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စကိုမြို့နဲ့ အနောက်အလယ်ပိုင်းမှာရှိတဲ့ အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့တို့မှာ မနေ့က ကျင်းပပါတယ်။
2012-08-08
ဗကပ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာလှကျော်ဇောက ၁၉၈၈ အရေးတော်ပုံမှာ သူတို့ ဗမာပြည် ကွန်မြူနစ်ပါတီက ပါဝင်လှုပ်ရှားခဲ့ကြောင်း၊ ရှစ်လေးလုံး လူထုအုံကြွမှုကို ပြန်ကြည့်တဲ့အခါ အားနည်းချက် အားသာချက်တွေရှိပြီး ဘယ်တုန်းကနဲ့မှ မတူအောင် လူတန်းစားပေါင်းစုံ ညီညွတ်တဲ့ အုံကြွ လှုပ်ရှားမှု ဖြစ်ခဲ့တာ တွေ့ရမှာဖြစ်ကြောင်း ပြောဆိုရင်း ရှစ်လေးလုံးမှာ ကြုံခဲ့ရတဲ့ အားနည်းချက်တွေကို သင်ခန်းစာယူဖို့ သတိပေး ပြောဆိုလိုက်ပါတယ်။
2012-08-08
၈ လေးလုံး အရေးတော်ပုံအတွင်း စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွားရတဲ့ သံဃာတော်တွေထဲမှာ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ နန္ဒဝန်ကျောင်းတိုက်က ၁ ပါး၊ မြို့ဦးကျောင်းက ၈ ပါး၊ ဓမ္မသုခ ကျောင်းတိုက်က ၆ ပါးနဲ့ ဗဟန်းမြို့နယ် ကာလကတ္တား ကျောင်းတိုက်က ၃ ပါး ပါဝင်တယ်လို့ ရန်ကုန်မြို့ ရွှေတောင်ကျောင်းတိုက် ဆရာတော် ဦးပဏ္ဍဝံသ ခေါ် ဦးပဉ္စင်း ဦးပြည်ကျော်က မိန့်ကြားပါတယ်။
2012-08-08
မန္တလေးမြို့မှာ နေထိုင်တဲ့ စာရေးဆရာ ညီပုလေးက ၈၈ အရေးတော်ပုံ ကာလအတွင်းမှာ မိခင် လူထုဒေါ်အမာ အပါအဝင် အဒေါ်တွေနဲ့အတူ လမ်းလျှောက် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သလို စာရေးဆရာ ဝင်းစည်သူနဲ့အတူ လူထု သတင်းစာတိုက်ကို အခြေခံပြီး "၈ လေးလုံး"ဆိုတဲ့ သတင်းစာတစ်စောင် ထုတ်ဝေခဲ့တယ်လို့ ဆိုပါတယ်။
2012-08-08
ရှစ်လေးလုံး ဒီမိုကရေစီ လှုပ်ရှားမှု နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီခန်းမမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပြီး ဦးတင်ဦး၊ ဦးဝင်းတင် စတဲ့ NLD ခေါင်းဆောင်တွေ၊ ဝါရင့်နိုင်ငံရေးသမားတွေ၊ ခေတ်အဆက်ဆက် ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ ဂီတ အနုပညာရှင်တွေ စုစုပေါင်း လူ (၁ဝဝဝ) ကျော် တက်ရောက်ခဲ့ပါတယ်။
2012-08-08
ဒီနေ့ မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီးအလယ်တိုက်မှာ ပြုလုပ်တဲ့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့ ၂၄ နှစ်ပြည့် ငွေရတုအကြို ဆွမ်းကျွေးပွဲနဲ့ ဝါဆိုသင်္ကန်းကပ်ပွဲမှာ ရှစ်လေးလုံး အရေးတော်ပုံ စတင်ခဲ့တဲ့ သြဂုတ်လ (၈) ရက်နေ့ကို့မြန်မာ့ ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ဖို့ မန္တလေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကိုတင်သစ်က အဆိုတင်သွင်းခဲ့ရာမှာ တက်ရောက်လာသူ ၁၀၀၀ ကျော်က ထောက်ခံခဲ့ကြပါတယ်။
2012-08-08
၂၄ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အမှတ်တရ အခမ်းအနားတွေကို မြန်မာနိုင်ငံရဲ့ မြို့နယ်အနှံ့အပြားမှာ တစ်စုံတစ်ရာ တားဆီး နှောင့်ယှက်မှု မရှိဘဲ ကျယ်ကျယ်ပြန့်ပြန့် ကျင်းပခွင့် ရခဲ့ပါတယ်။
2012-08-08
မဲဆောက်မြို့က ၈၈ မျိုးဆက် ကျောင်းသားတွေ စုပေါင်းပြီး ရှစ်လေးလုံး အရေးတော်ပုံမှာ ကျဆုံးခဲ့တဲ့ ရဟန်း ရှင်လူ ပြည်သူနဲ့ ကျောင်းသားတွေအတွက် ရည်စူးပြီး မြန်မာနိုင်ငံ အလုပ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့ရုံးခန်းမှာ သံဃာတော် (၄) ပါးပင့်ဖိတ် ဆွမ်းကပ်ပြီး မွန်းလွဲပိုင်းမှာတော့ ရှစ်လေးလုံးနေ့ အထိမ်းအမှတ် စကားဝိုင်း ကျင်းပခဲ့ပါတယ်။
2012-08-08
အစိုးရ အဖွဲ့ဝင်များရဲ့ ပိုင်ဆိုင်မှုတွေ ထုတ်ဖော် ကြေညာ မှတ်တမ်းတင်ပြီး ပြည်ထောင်စု လွှတ်တော်ကို တင်ပြရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် တင်သွင်းတဲ့ အဆိုကို ဒီကနေ့ လွှတ်တော် အစည်းအဝေးက ပယ်ချလိုက်ပါတယ်။