ဒေါ်အောင်ဆန်းစုကြည် ရုပ်တုဖွင့်ပွဲနှင့် ရှစ်လေးလုံးအခမ်းအနား မိုးရေးမြို့တွင် ကျင်းပ
2012.08.08
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်တုဖွင့်ပွဲကို မိုးရေးမြို့ လူမှုသိပ္ပံ လေ့လာရေးဌာနမှာ ကျင်းပခဲ့ပြီး ရှစ်လေးလုံး အရေးတော်ပုံ (၂၄) နှစ်ပြည့် အခမ်းအနားကို မိုးရေးမြို့ ကုန်သွယ်ရေးဌာနမှာ ကျင်းပခဲ့ပါတယ်။
အဲဒီ အခမ်းအနားတွေကို မဏိပူရ် မြန်မာ့ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး ကော်မတီက ကြီးမှူးကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းနဲ့ ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းခဲ့ပုံတွေ အကြောင်း အခမ်းအနားတွေမှာ ဟောပြောခဲ့ကြပါတယ်။
ဒါ့အပြင် လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ NLD ပါတီက မဲအများစုနဲ့ အနိုင်ရလိမ့်မယ်လို့ ယုံကြည်ကြောင်း၊ မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိသွားပြီဆိုရင် အိမ်နီးချင်းနိုင်ငံတွေမှာပါ အကျိုးခံစားရမှာ ဖြစ်ကြောင်းလည်း မဏိပူရ်-မြန်မာ ချစ်ကြည်ရေးအသင်း ခေါင်းဆောင်တွေက ပြောဆိုခဲ့ကြပါတယ်။