သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-04-04
ချက်အရက်နဲ့ မြန်မာအရက် အတုတွေကြောင့် မလေးရှားရောက် မြန်မာ အလုပ်သမားတွေနဲ့ တရားမဝင်နေထိုင်နေသူ မြန်မာတွေ အကြား သေဆုံးတာတွေရှိနေတယ်လို့ RFA က စုံစမ်းသိရ ပါတယ်။
2013-04-04
ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် အိုးဘိုကျေးရွာအုပ်စု၊ ဘုရားစုကျေးရွာက လယ်သမား ၄၀၀ ကျော်တို့ဟာ မတရားသိမ်းဆည်းခံထားရတဲ့ လယ်မြေတွေပြန်ရဖို့ ဒီကနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
2013-04-04
လာမယ့် ဧပြီလ ၂၄ ရက်နေ့မှာ ကျပ် ၁၅၀၀ နဲ့ စတင်ရောင်းချပေးမယ့် မိုဘိုင်း ဖုန်း ဆင်းမ်ကဒ်တွေကို ပြည်သူတွေလက်ဝယ် အရောက် ရောင်းချနိင်ဖို့ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာနတို့ ညှိနှိုင်းနေကြပြီဖြစ်တယ်လို့ သိရပါတယ်။
2013-04-04
ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ် ထဲက လွယ်လန်းနဲ့ လွယ်စေးဒေသ တစ်ဝိုက်မှာ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်တွေနဲ့ အစိုးရတပ်တွေအကြား မတ်လ ၂၅၊ ၂၆ ရက်တွေက ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။
2013-04-04
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် တိုင်းရင်းသားပါတီ အချို့နဲ့ လူမှု့အဖွဲ့အစည်းအချို့က တာဝန်ရှိသူတွေကို ဒီကနေ့ ညနေပိုင်းက ချက်ထရီယမ် ဟိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်။
2013-04-04
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ဧပြီလ ၆ ရက်နေ့ မြစ်ကြီးနားမြို့မှာ ချိန်းဆိုထားတာကို ပြည်ပစောင့် ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေ မပါဝင်တဲ့အတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ရက်ရွှေ့ဆိုင်းလိုက် ပါတယ်။
2013-04-04
ရန်ကုန် ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းက အစ္စလာမ်ဘာသာရေး စာသင်ကျောင်း မီးလောင်မှုနဲ့ ပတ်သက်ပြီး အဖြစ်မှန်ကိုသိရှိဖို့ စုံစမ်း စစ်ဆေးရေးကော်မရှင်ရဲ့ တိကျမှန်ကန်တဲ့အဖြေကို မူဆလင်အဖွဲ့အစည်းတွေက လိုလားနေကြကြောင်း မြန်မာ မူဆလင် အမျိုးသားရေးရာအဖွဲ့ချုပ်က ဒီကနေ့ ပြောကြား ပါတယ်။
2013-04-04
မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေမှာ အဓိကပါဝင်တယ်လို့ ယူဆရသူတချို့ကို ဒေသ ဆိုင်ရာ အာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီလို့ RFA က စုံစမ်းသိရပါတယ်။
2013-04-04
ဒေါ်အောင်ဆန်းစုကြည်က အဓိကရုဏ်းတွေ ပပျောက်ရေးအတွက် အကြမ်းဖက်မှုနဲ့ အစွန်းရောက်မှုတွေ ကို ရှောင်ကျဉ်ဖို့လိုကြောင်း ပြောဆိုလိုက်ပါတယ်။
2013-04-04
မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့တောင် ပိုင်း ပြည်နယ်တွေမှာ မြေမြှပ်မိုင်းတွေ အနှံအပြားရှိနေတာကြောင့် ဒုက္ခသည် ငါးသိန်းလောက်ဟာ နေရပ်မပြန်နိုင်ကြပဲ ရှိနေကြတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ပြောပါတယ်။
2013-04-03
မိဘတွေက လူပျောက်မှုနဲ့ ရန်ကုန်မြို့ ဗဟန်းရဲစခန်းမှာ တိုင်ချက်ဖွင့်ထား တဲ့ ကျောင်းသားသမဂ္ဂများဖြစ်မြောက်ရေး အဖွဲ့ချုပ်က ကိုရဲမင်းဦးကို အင်းစိန်ထောင်မှာ ဖမ်းဆီး ထားကြောင်း မိသားစုဝင်တွေက RFA ကို ဒီနေ့မှာပြော ပါတယ်။
2013-04-03
ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းမှာရှိတဲ့ အစ္စလာမ်ဘာသာရေး စာသင်ကျောင်း မီးလောင်မှုမှာ ကလေး ၁၃ ဦး သေဆုံးတဲ့ အတွက် မိသားစု၊ ဘာသာရေးကျောင်း၊ လူ့အဖွဲ့အစည်းတွေ နဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell က ပြောလိုက် ပါတယ်။
2013-04-03
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ အစိုးရ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့တို့ ဒီတစ်ကြိမ်ဆွေးနွေးပွဲကို ကချင်ပြည်နယ်မြို့တော်၊ မြစ်ကြီး နားမှာ တွေ့ဆုံဆွေးနွေးဖို့ အစိုးရဖက်က ကမ်းလှမ်း ထားကြောင်း ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေက RFA ကို ဒီနေ့မှာပြောပါတယ်။
2013-04-03
နှစ်သစ်မှာ လူမျိုး၊ ဘာသာမခွဲခြားပဲ မေတ္တာတရား ကို အခြေခံတဲ့ ဆက်ဆံရေးထားကြပြီး ငြိမ်းချမ်း လုံခြုံတဲ့ လူ့ဘောင်တစ်ခုဖြစ်ဖို့ ဘာသာရေးဆိုင်ရာ တာဝန်ရှိသူတွေအပါအဝင် လူမှုအဖွဲ့အစည်းတွေ အားလုံးဝိုင်းဝန်းဆောင်ရွက်သွားကြဖို့ ဆရာတော် အရှင်ဆေကိန္ဒက ဒီကနေ့မှာ တိုက်တွန်းမိန့်ကြား လိုက်ပါတယ်။
2013-04-02
မြန်မာနိုင်ငံမှာ ဘာသာရေး လူမျိုးရေး ဆိုင်ရာ အကြမ်းဖက်ပဋိပက္ခတွေပေါ်ပေါက် လာနိုင်တဲ့ နိမိတ်လက္ခဏာတွေရှိနေပေမဲ့၊ အစိုးရဟာ ကာကွယ်တားဆီးရေးဆောင်ရွက်မှုတွေကို အပြည့်အဝ မဆောင်ရွက်ခဲ့ဘူးလို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနားက ပြောလိုက်ပါတယ်။