သမ္မတဟောင်း ကာတာ တိုင်းရင်းသား ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံ


2013.04.04

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် တိုင်းရင်းသားပါတီ အချို့နဲ့ လူမှု့အဖွဲ့အစည်းအချို့က တာဝန်ရှိသူတွေကို ဒီကနေ့ ညနေပိုင်းက ချက်ထရီယမ် ဟိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်။

အခုလိုတွေ့ဆုံခဲ့ရာမှာ မြန်မာနိုင်ငံက တိုင်းရင်းသား ပြဿနာတွေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဌ ဦးခွန်ထွန်းဦးက RFA ကိုပြောပါတယ်။

မြေမြှုပ်မိုင်းပြဿနာ၊ ငြိမ်းချမ်းရေးပြဿနာနဲ့ လူ့အခွင့်အရေးပြဿနာတွေ အပါအဝင် မြန်မာနိုင်ငံမှာ လတ်တလော ကြုံတွေ့နေရတဲ့ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာကို အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေမှာ အထောက်အပံ့တွေ ပေးနိုင်ဖို့အတွက် ကာတာစင်တာအနေနဲ့ တရားဝင်ရုံး ဖွင့်လှစ်သွားမယ်လို့လည်း ဆိုပါတယ်။

အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာဟာ ပြီးခဲ့တဲ့ရက်ပိုင်းက သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ မနက်ဖြန်မှာလည်း ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။