ဘာသာရေး စာသင်ကျောင်း မီးလောင်မှု ဝမ်းနည်းကြောင်း အမေရိကန်သံအမတ်ကြီး ပြော


2013.04.03

ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းမှာရှိတဲ့ အစ္စလာမ်ဘာသာရေး စာသင်ကျောင်း မီးလောင်မှုမှာ ကလေး ၁၃ ဦး သေဆုံးတဲ့အတွက် မိသားစု၊ ဘာသာရေးကျောင်း၊ လူ့အဖွဲ့အစည်းတွေနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell က ပြောလိုက်ပါတယ်။

ဒီကနေ့မှာ အမေရိကန်သံရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ သံအမတ်ကြီးရဲ့ ဝမ်းနည်းကြောင်း စကားကို  ဖေါ်ပြထားတာ ဖြစ်ပါတယ်။

စာသင်ကျောင်း မီးလောင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေအနေနဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ်ပူးပေါင်းပြီး မီးလောင်မှုနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းပေးဖို့ကိုလည်း တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့က ၄၈ လမ်းက ဘာသာရေးစာသင်ကျောင်း မီးလောင်မှုမှာ ညအိပ်စာသင်သား လူငယ် ၁၃ ယောက် သေဆုံးခဲ့ပါတယ်။

မီးလောင်တဲ့ အကြောင်းရင်းမှန် ဖော်ထုတ်နိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရက အဖွဲ့ဝင် ၇ ဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို မနေ့က ချက်ချင်းဖွဲ့စည်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။