ချက်အရက် အတုတွေကြောင့် မလေးရှားရောက် မြန်မာ အလုပ်သမားတွေ သေဆုံးမှုရှိနေ
2013.04.04
ချက်အရက်နဲ့ မြန်မာအရက်အတုတွေကြောင့် မလေးရှားရောက် မြန်မာအလုပ်သမားတွေနဲ့ တရားမဝင်နေထိုင်နေသူ မြန်မာတွေအကြား သေဆုံးတာတွေရှိနေတယ်လို့ RFA က စုံစမ်းသိရပါတယ်။
ဒီလိုသေဆုံးမှုရှိနေတာတွေကို မလေးရှား ကျန်းမာရေးဌာနတွေက သတိပေးတာတွေရှိနေပြီး အလုပ်သမားအရေး ဆောင်ရွက်နေသူတွေအနေနဲ့ လိုက်လံကူညီဆောင်ရွက်ဖို့ ကြိုးစားရာမှာ တရားဝင်အထောက်အထား မရှိတဲ့အတွက် အရေအတွက်နဲ့ အမည်နေရပ်သိနိုင်ဖို့ ခက်ခဲလေ့ရှိတယ်လို့လည်း သိရပါတယ်။
အလုပ်ကြမ်း လုပ်ကိုင်နေရသူတွေအတွက် ကနဦးမှာ မြန်မာပြည်ကနာမည်ရှိတဲ့ အရက်တွေကို မှာယူသောက်သုံးကြပေမယ့် ၂၀၀၇ နောက်ပိုင်းမှာ ချက်အရက်တွေကို တံဆိပ်တု တပ်ရောင်းတာတွေရှိလာတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူ ကိုထွန်းထွန်းက ပြောပါတယ်။
ချက်အရက်တွေမှာ မက်သနောပါတဲ့အတွက် အသက်အန္တရာယ်ပေးတဲ့အထိ ဒုက္ခရောက်ကြရတာလို့လည်း မလေးရှားကျန်းမာရေးဌာန တာဝန်ရှိသူတွေက မြန်မာမိသားစုတွေကို တိုက်တွန်းနေတယ်လို့လည်း သိရပါတယ်။
RFA အဖွဲ့သား ဦးဘအောင် ဆက်သွယ်မေးမြန်းတင်ပြထားတာကိုလည်း တဆက်တည်းနားဆင်နိုင်ပါတယ်။