လယ်မြေပြန်ရရေး ပန်းတနော် လယ်သမား ၄၀၀ ခန့် ဆန္ဒပြ


2013.04.04
farmer_plough_ox_305px.jpg စိုက်ပဵိြးရေးအတြက် ိံြားိံြင့်ဖက်၍ ထြန်ယက် လုပ်ကိုင်နေသော ူမန်မာ တောင်သူလယ်သမား သားအဖ ူဖစ်ပၝသည်။ (Photo: AFP)
(Photo: AFP)

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် အိုးဘိုကျေးရွာအုပ်စု၊ ဘုရားစုကျေးရွာက လယ်သမား ၄၀၀ ကျော်တို့ဟာ မတရားသိမ်းဆည်းခံထားရတဲ့ လယ်မြေတွေပြန်ရဖို့ ဒီကနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးငြိမ်းမြိုင် သိမ်းယူထားတဲ့ လယ်ဧက ၁၇၅၀ ကျော် ပြန်လည်ရရှိရေးအတွက် ဘုရားစုကျေးရွာအနီးက ကြုံလမတ်ကန်အနီးမှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

အဲဒီဆန္ဒပြပွဲကို ရောက်ရှိနေတဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က RFA ကို အခုလို ပြောပြပါတယ်။

"ဧကပေါင်း ၁၇၀၀ ကျော်ကို တစ်ဧကကို ၅၀၀၀ နှုန်းနဲ့ ယူချင်ယူမယူချင်နေ အတင်းအဓမ္မ သိမ်းသွားတာဗျ၊ ပြည်သူလူထုက ကြည်ကြည်ဖြူဖြူနဲ့ ပေးလိုက်တာလည်းမဟုတ်ဘူး၊ လျော်ကြေးလည်း တချို့တွေ ဘာမှယူမထားတာတွေရှိတယ်၊ အခုအချိန်မှာ ပြည်သူလူထုက ပွင့်လင်းလာပြီ၊ လုပ်ကိုင်မဲ့၊ အကိုင်မဲ့ စားသောက်စရာမရှိတဲ့ လယ်မဲ့ယာမဲ့ဘဝနဲ့ သူတို့သားသမီးတွေ အနာဂတ်ဘဝ ဘယ်လိုမှရပ်တည်လို့ မရတော့တဲ့အတွက်ကြောင့် သူတို့ပိုင်တဲ့လယ်မြေတွေ ပြန်ပေးပါဆိုပြီးတော့ စုပေါင်းပြီး တောင်းဆိုကြခြင်းဖြစ်ပါတယ်၊ အဓိကကတော့ သိမ်းဆည်းထားတဲ့ ၁၇၅၀ မှာပါတဲ့ မြေတွေပြန်ပေးပါဆိုပြီး တောင်းဆိုတာ"

အခုလိုလယ်မြေတွေကို လျော်ကြးငွေအနည်းငယ်ပဲပေးပြီး သိမ်းယူခဲ့တဲ့အတွက် ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌကို လယ်သမားတွေက တိုင်တန်းမူတွေ ရှိခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးလှမြင့်က အောက်ခြေကိုကွင်းဆင်းပြီး စုံစမ်းခဲ့ရာမှာ ဦးငြိမ်းမြိုင် သိမ်းယူထားတဲ့ လယ်ဧက ၇၀၀၀ ကျော်ထဲက ဧက ၂၅၀၀ ကျော်သာ တရားဝင် လနစာရင်းပေါက်တာဖြစ်တဲ့အတွက် ကျန်တဲ့လယ်ယာမြေတွေကို ပြန်လည်ညှိနှိုင်းဖို့ အစီရင်ခံစာ ပို့ခဲ့ပါတယ်။

ဒါပေမယ့် ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်ဦးငြိမ်းမြိုင်က လယ်သမားတွေနဲ့ ပြန်လည်ညှိနှိုင်းမူ မရှိတာကြောင့် ဒီကနေ့မှာ ပထမဆုံးအကြိမ် တောင်းဆိုဆန္ဒပြကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။