သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-05-23
ကိုးကန့်တပ်ဖွဲ့လို့ လူသိများတဲ့ (MNDAA) တပ်ဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းက သူတို့ထိန်းချုပ်ဒေသအတွင်းမှာ သေဒဏ်နဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်နိုင်တဲ့ပြစ်မှုတွေကို မေလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
2024-05-22
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ ဧပြီလအထိ လေးလအတွင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၅၉ ဦး သေဆုံးပြီး ၇၅၆ ဦးဒဏ်ရာရတယ်လို့ ဉာဏ်အလင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ပါတယ်။
2024-05-22
စောချစ်သူဦးဆောင်တဲ့ (BGF/KNA) တပ်ဖွဲ့ဟာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေမှာ ပါဝင်ကျူးလွန်သူဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
2024-05-22
ဂျပန်နိုင်ငံဟာ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ငွေအပေးအယူ ရှိနေဆဲဖြစ်ကြောင်း အင်္ဂါနေ့က ထုတ်ပြန်တဲ့ HRW ရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။
2024-05-22
ပြည်သူတွေ စားသောက်နေထိုင်ရေး ပိုကျပ်တည်းလာတဲ့အတွက် ရန်ကုန်အခြေစိုက် လူငယ်သပိတ်အင်အားစုအဖွဲ့တွေက စုပေါင်းဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
2024-05-22
ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ ကုလားတန်မြစ်ဘေးက ထရွန်အိုင်ရွာကို မေလ ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားငါးဦး သေဆုံးပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-05-22
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အငြိမ့်ကတာနဲ့ ဇတ်လမ်းတိုတွေ ရိုက်ကူးလေ့ရှိတဲ့ ဟားငါးကောင် အငြိမ့်အဖွဲ့က လူရွှင်တော် ဝိုင်းကျော်ဟာ အသဲရောဂါကို ဆေးကုသမှုခံယူနေရင်း ကွယ်လွန်ခဲ့ပါတယ်။
2024-05-22
ဧရာ၀တီတိုင်း၊ ဒေးဒရဲမြို့မှာ လက်နက်တွေတွေ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ လူငယ်သုံးဦးကို ဖျာပုံခရိုင်တရားရုံးကနေ မေလ ၁၆ ရက်နေ့က ထောင်ဒဏ် တစ်သက်တစ်ကျွန်းနဲ့ နှစ်ရှည်ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-05-22
တနင်္သာရီတိုင်း၊ ထားဝယ်၊ မြိတ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ တစ်ပတ်အတွင်း အရပ်သား ၁၇ ဦးအထိ ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက မေလ ၂၂ ရက်နေ့မှာ RFA ကို ပြောပါတယ်။
2024-05-22
မေလ ပထမပတ်ထဲမှာ စစ်ကိုင်းမြို့က လူမှုကူညီရေးသမား ခြောက်ဦး ဖမ်းဆီးခံခဲ့ရပြီး နှစ်ပတ်ကျော်ကြာတဲ့ အထိ အဆက်အသွယ်ပြတ်နေပါတယ်။
2024-05-22
မေလ ပထမအပတ်ကစလို့ တဖြည်းဖြည်းမြင့်တက်လာတဲ့ ရွှေနဲ့ဒေါ်လာဈေးတွေဟာ ပြန်မကျဘဲ ဆက်တိုက်မြင့်တက်နေတယ်လို့ ရွှေနဲ့ ဒေါ်လာလုပ်ငန်း လုပ်ကိုင်နေသူတွေက RFA ကို ပြောပါတယ်။
2024-05-22
မင်းပြားမြို့နယ် နရမ်းကားဂိတ်နဲ့ ခေါင်းတုတ်ရွာဟောင်းကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ နှစ်ကြိမ်ဗုံးကြဲခဲ့လို့ ကိုရင်တစ်ပါးအပါအဝင် ဒေသခံ ဆယ်ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-05-22
၁၀၂၇ စစ်ဆင်ရေးကြောင့် ရပ်တန့်သွားခဲ့ရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ္မတူမြို့နယ်ထဲက ဘော်တွင်းဒေသ သတ္တုတွင်းလုပ်ငန်းတွေ မေလ ၂၂ ရက်နေ့အထိ ပြန်မလည်ပတ်နိုင်သေးပေမဲ့ မကြာခင်မှာ ပြန်စနိုင်ဖို့အတွက် ပြင်ဆင်နေတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကပြောပါတယ်။
2024-05-22
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု၊ အဓမ္မနေရပ်စွန့်ခွာခိုင်းမှုတွေကို အဆုံးသတ်ဖို့နဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေကို လိုက်နာစေဖို့အတွက် (AA) ကို နိုင်ငံတကာက ဖိအားပေးကြဖို့ ရိုဟင်ဂျာအဖွဲ့အစည်းတွေက မေ ၂၁ ရက် မနေ့က ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
2024-05-22
ရေစကြိုမြို့နယ်က ကျေးရွာသုံးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ပြီး နေအိမ် ရှစ်ဆယ်ခန့်ကို မီးရှို့ခဲ့ပြီး ကလေးတစ်ဦးနဲ့ ကျောင်းဆရာမတစ်ဦးအပါအဝင် ဒေသခံ ခုနစ်ဦးကို သတ်ဖြတ်ခဲ့ပါတယ်။