စစ်ခေါင်းဆောင်နဲ့ စစ်တပ်ပိုင်လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူဖို့ ဂျပန်နိုင်ငံကို HRW တိုက်တွန်း

RFA Burmese
2024.05.22
စစ်ခေါင်းဆောင်နဲ့ စစ်တပ်ပိုင်လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူဖို့ ဂျပန်နိုင်ငံကို HRW တိုက်တွန်း ရန်ကုန်တိုင်း သာကေတမြို့နှင့် သံလျင်မြို့တို့ကြား ပဲခူးမြစ်ပေါ်တွင် ဆောက်လုပ်နေသည့် သံလျင်မြစ်ကူးတံတား အမှတ် (၃) ဆောက်လုပ်နေမှုအား ၂၀၂၃ ဒီဇင်ဘာလက တွေ့ရစဉ်။
Myanmar Military

ဂျပန်ဝန်ကြီးချုပ် ဖူမီရို ကီရှီဒါက မြန်မာစစ်တပ်ကို အရေးယူဆောင်ရွက်ဖို့ သင့်တော်သလို ကိုင်တွယ်သွားမယ်လို့ ကတိပေးထားပေမဲ့ ဂျပန်နိုင်ငံဟာ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေနဲ့ ငွေအပေးအယူ ရှိနေဆဲဖြစ်တယ်လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့က ထုတ်ပြန်တဲ့ HRW ရဲ့ အစီရင်ခံစာတစ်စောင်မှာ ပါရှိပါတယ်။

ဂျပန်ကုမ္ပဏီ Yokogawa Bridge Corp က တည်ဆောက်ပေးနေတဲ့ ပဲခူးမြစ်ကူးတံတား စီမံကိန်းအတွက် လိုအပ်တဲ့ သံမဏိတိုင်တွေကို စစ်တပ်ပိုင် MEC ရဲ့ စက်ရုံဆီကနေ ဝယ်ယူနေတဲ့အကြောင်း၊ HRW ရဲ့ လေ့လာစုံစမ်းမှုတွေအရ Yokogawa ကုမ္ပဏီဟာ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေအတွင်းမှာ MEC ကို ဒေါ်လာ နှစ်သန်းပေးချေခဲ့တာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံအနေနဲ့ မြန်မာစစ်တပ်ပိုင် MEC ကော်ပိုရေးရှင်းကို ပေးချေဖို့ရှိတဲ့ ငွေကြေးတွေကို ဆိုင်းငံ့ထားဖို့၊ စစ်ကောင်စီကို လူသားချင်း စာနာမှုမဟုတ်တဲ့ အကူအညီတွေပေးအပ်နေတာ ရပ်ဆိုင်းဖို့နဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ စစ်တပ်ပိုင် လုပ်ငန်းတွေကို ပိတ်ဆို့အရေးယူမှုတွေချမှတ်ဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ HRW က တိုက်တွန်းလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။