သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-02-17
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေးက သူ့မှာ အပြစ်မရှိကြောင်း တရားရုံးချိန်းမှာ ကိုယ်တိုင် ခုခံချေပခဲ့တယ်လို့ ရှေ့နေက ပြောပါတယ်။
2022-02-17
ပုလဲမြို့နယ် ပုပ္ပါကျေးရွာမှာ စစ်တပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲတို့ တိုက်ပွဲမှာ စစ်တပ်က ရဟတ်ယာဉ်သုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။
2022-02-17
မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်၊ သံလျက် မှော်ရပ်ကွက်ထဲကို ဖေဖော်ဝါရီလ ၁၇ နေ့ကစပြီး စစ်ကောင်စီက စစ်ဆေးနေပါတယ်။
2022-02-17
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ဇီးဖြူကုန်းရွာမှာ ဖေဖော်ဝါရီလ ၁၄ ရက် ည ၁၂ နာရီခွဲလောက်က ဒေသကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသား လေးဦး မီးလောင်သေဆုံးပြီး နေအိမ် ၃၀ ကျော် မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-02-16
စစ်ကိုင်းတိုင်း ရေမျက်ကြီးအင်းထဲကို မနေ့က ပျက်ကျသွားခဲ့တဲ့ တရုတ်နိုင်ငံထုတ် တိုက်လေယာဉ်ဟာ စစ်ကောင်စီလေတပ်မှာ ရှိတဲ့ A-5 အမျိုအစား ၂၁ စင်းထဲကတစင်းဖြစ်ပါတယ်။ စစ်ကောင်စီလေတပ်မှာ လေယာဉ်ပျံ စုစုပေါင်းအစင်း ၂၈ဝ ရှိရာကနေ အခု တစင်းပျက်စီးသွားတဲ့အတွက် ၂၇၉ စင်းပဲ ရှိပါတော့တယ်။
2022-02-16
စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်းမှာ ပြည်ပထွက်ပြီး အလုပ်လုပ်ခွင့်တွေကို ပိုပြီးတင်းကြပ်လာပါ တယ်။ အလုပ်လုပ်ခွင့်အတွက် စောင့်ဆိုင်းရတဲ့အချိန် ကြာလာတာနဲ့အမျှ သက်ဆိုင်ရာဌာနတွေကို ငွေပေးသွင်းဖို့ အိမ်၊ ခြံ၊ မြေတွေ ပေါင်နှံရောင်းချခဲ့ရသူတွေ အခက်တွေ့နေကြပါတယ်။
2022-02-16
ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၆၇ နိုင်ငံရဲ့ ဒီမိုကရေစီညွှန်းကိန်းကို ၂၀၂၂ အတွက် ပြုစုရာမှာ မြန်မာနိုင်ငံဟာ မနှစ်ကအတိုင်း ဒုတိယအနိမ့်ဆုံး ၁၆၆ နေရာမှာ ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့အောက်မှာ အာဖဂန်နစ္စတန်ပဲ ၁၆၇ နေရာက ရှိပါတော့တယ်။
2022-02-16
အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့ ခရီးစဉ် ဟာ တိုးတက်ဖြစ်ထွန်းမှု မရှိခဲ့ကြောင်း ကမ္ဘောဒီး ယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောဆိုလိုက်ပါတယ်။
2022-02-16
တယ်လီနောမြန်မာ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စစ်တပ်လက်ထဲ မရောက်အောင် နော်ဝေအစိုးရက ကြိုတင်ကာကွယ်ပေးဖို့ မဖြစ်နိုင်ဘူးလို့ နော်ဝေစက်မှုဝန်ကြီးက ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်တဲ့ အကြောင်း Reuters သတင်းမှာ မနေ့က ဖေ်ပြထားပါတယ်။
2022-02-16
လူ ၁၀၀ မှာ ကိုးယောက်နှုန်း ပိုးကူးစက်ခံနေရတယ်လို့ ဆိုပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့ကစလို့ မြန်မာနိုင်ငံမှာ နေ့စဉ် ကိုဗစ်ပိုးတွေ့သူ ထောင်နဲ့ချီ ပြန်ဖြစ်လာပြီး ဒီနေ့ပိုးတွေ့ရှိမှုဟာ စံချိန်တင်တွေ့ရှိခဲ့တာပါ။
2022-02-16
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ခွင့်မရတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မနက်ဖြန် စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။
2022-02-16
ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ စစ်တပ်နဲ့ KIA၊ PDF ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး လူ ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
2022-02-16
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာတစ်နိုင်ငံလုံးမှာ နေအိမ်အလုံးပေါင်း ၄၅၇၁ လုံး စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးတာ ခံခဲ့ရတယ်လို့ Data for Myanmar အဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။
2022-02-16
အဲ့ဒီအီရန်လေယာဉ်ထဲမှာ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ပါတယ်လို့ယူဆရတဲ့ ကုန်သေတ္တာ ၂၁ လုံးကို သယ်ဆောင်လာကြောင်း ခိုင်မာတဲ့ သတင်းရင်းမြစ်က အေးရှားတိုင်းမ်စ်ကို သတင်းပေးထားတယ်လို့ ဆိုပါတယ်။
2022-02-16
နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လာဖို့ အလားအလာ နည်းနေသလို အာဆီယံ ဘုံ သဘောတူညီမှု ငါးချက်ကိုလည်း စစ်ကောင်စီက အကောင်အထည် မဖော်နိုင်သေးတာတွေ့ရတယ်လို့ NMSP က ပြောပါတယ်။