မန္တလေး သံလျက်မှော်မှာ စစ်တပ်က ဒုတိယအကြိမ် တင်းကျပ်စစ်ဆေး

2022.02.17
မန္တလေး သံလျက်မှော်မှာ စစ်တပ်က ဒုတိယအကြိမ် တင်းကျပ်စစ်ဆေး မန္တလေးမြို့ ၁၉ လမ်း ၅၈ လမ်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လမ်းတခြမ်းပိတ်ဆို့ပြီး စစ်ဆေးနေတာကို ၂၀၂၁ ဖေဖော်ဝါရီ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: RFA

မန္တလေးတိုင်း မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်ရပ်ကွက်ထဲကို ဖေဖော်ဝါရီလ ၁၇ ရက် ဒီနေ့မနက်ကစပြီး စစ်ကောင်စီဘက်က အင်အားအများအပြားနဲ့ ဒုတိယအကြိမ် မြောက် စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေက RFA ကို ပြောပါတယ်။

အိမ်ထောင်စုစာရင်းမှာပါတဲ့ အမည်စာရင်းတွေနဲ့ နေအိမ်မှာ နေထိုင်သူတွေကို တိုက်ဆိုင် စစ်ဆေးနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရပ်ကွက်မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

“မနက်အစောကတည်းက ပိတ်ပြီးစစ်နေတာ။ အဝင်အထွက် မရဘူး။ ဟိုရက်က ဖမ်းသွားတာတွေရဲ့ နောက်ဆက်တွဲနေမှာ။ အိမ်ထောင်စုဇယား စစ်တယ်ဆိုပြီး တစ်အိမ်တက်ဆင်းလိုက် စစ်နေတာ။ အလုပ်သွားမယ့် သူတွေတောင် မသွားရဘူး”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း အဲဒီရပ်ကွက်ထဲကို အလားတူ စစ်ဆေးမှုတွေ လုပ်ခဲ့ပြီးနောက် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခေါင်းဆောင်တွေ အပါအဝင် ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။

ဒီနေ့မှာပဲ မန္တလေးမြို့ ၈၆ လမ်းနဲ့ ၂၄ လမ်းမှာရှိတဲ့ လုံခြုံရေးကင်းတဲတစ်ခု ဗုံးနဲ့အပစ် ခံရတာကြောင့် အနီးနားတစ်ဝိုက်မှာ စစ်ဆေးမှုတွေရှိနေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေနဲ့ ယာဉ်ထိန်းတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး မန္တလေးမြို့ နေရာအနှံ့အပြားမှာ ရွေ့လျားစနစ်နဲ့ လမ်းသွားလမ်းလာ ပြည်သူတွေကို နေ့စဉ်စစ်ဆေး နေတယ်လို့လည်း မန္တလေးမြို့ခံတွေက RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။