သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-12-07
မလေးရှားနိုင်ငံဖွား ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး Michelle Yeoh ဟာ ဒီဇင်ဘာ ၆ ရက် မနေ့က မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
2010-12-07
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံ အမတ်ကြီး Michael Sternberg က အန်အယ်လ်ဒီ ပါတီရုံးချုပ်မှာ ဒီဇင်ဘာ ၇ ရက် ဒီကနေ့ လာရောက် တွေ့ဆုံခဲ့တယ်လို့ ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။
2010-12-07
မြန်မာစစ်အစိုးရဟာ ကမ္ဘာကျော် အင်္ဂလန်ဘောလုံးသင်း တသင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းကို ဝယ်ယူဖို့ စိတ်ကူးခဲ့ဖူးကြောင်း WikiLeaks အင်တာနက် စာမျက်နှာ က ဖော်ပြလိုက် ပါတယ်။
2010-12-07
အမေရိကန်အစိုးရ အဆင့်မြင့် အရာရှိတဦး ဖြစ်တဲ့ Joseph Yun ဟာ ဒီဇင်ဘာ ၇ ရက် ဒီကနေ့ ထိုင်းလေကြောင်းနဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး ခရီးစဉ်အတွင်း၊ နေအိမ်အကျယ်ချုပ်က မကြာခင်က လွတ်မြောက်လာတဲ့ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရဝန်ကြီးတဦးနဲ့ ရွေးချယ်ခံ လွှတ်တော်အမတ်သစ်တွေနဲ့ တွေ့ဆုံမယ်လို့ မြန်မာ စစ်အစိုးရအရာရှိတဦးက ဒီဇင်ဘာ ၇ ရက် ဒီကနေ့ အတည်ပြုပြောပါတယ်။
2010-12-07
မြန်မာနိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေး ပေါ်ပေါက်လာရေးဟာ စစ်အစိုးရဖက်က ရွေးကောက်ပွဲ အပြီး ရှေ့ဆက်လုပ်ဆောင်မဲ့ လုပ်ငန်းစဉ်တွေပေါ်မှာ မူတည်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဒီဇင်ဘာ ၆ ရက် မနေ့က သတိပေး ပြောဆိုလိုက်ပါတယ်။
2010-12-06
အင်းစိန်အကျဉ်းထောင်မှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားရဲ့ ကျန်မာရေး အခြေအနေကို ပြည်ပ သတင်းမီဒီယာတွေကို ပြောရကောင်းလား ဆိုပြီး ထောင်အာဏာပိုင်တွေက အကျဉ်းသားရဲ့မိသားစုကို သတိပေးမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
2010-12-06
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Vijay Nambiar က မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကို ဒီဇင်ဘာ ၆ ရက် ဒီကနေ့ တင်ပြမှာ ဖြစ်ပါတယ်။
2010-12-06
ထိုင်း-မြန်မာနယ်စပ် ဝေါလေဒေသမှာ ဒီကေဘီအေနဲ့ စစ်အစိုးရတပ်တွေ အကြား ရက်ရှည် တိုက်ပွဲတွေ ဆက်လက် ဖြစ်နေတာကြောင့် ထိုင်းနိုင်ငံထဲကို ထွက်ပြေး ခိုလှုံလာကြတဲ့ ဒုက္ခသည် အရေအတွက် နှစ်ထောင်နီးပါးအထိ ရှိပြီလို့ ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အဖွဲ့တခုက RFA ကို ဒီဇင်ဘာ ၆ ရက် ဒီကနေ့ ပြောပါတယ်။
2010-12-06
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင် နိုင်ငံသံအမတ်ကြီး Maria Helen Barber က ဗဟန်းမြို့နယ် ဆရာစံလမ်းမှာ ရှိတဲ့ သူမရဲ့ နေအိမ်မှာ ဒီဇင်ဘာ ၆ ရက် ဒီကနေ့ နေ့လည်စာနဲ့ တည့်ခင်းပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနဲ့ ဆိုင်တဲ့ကိစ္စတွေ အလေးထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2010-12-06
အိန္ဒိယနဲ့ မြန်မာ ပုံမှန် နယ်စပ်ကုန်သွယ်ရေး စတင်ခဲ့ပြီးနောက်ပိုင်း အိန္ဒိယဖက်ခြမ်းက က မိုးရေးမြို့ဟာ မြန်မာ ကျောင်းသူကျောင်းသားတွေအတွက် ပညာသွားရောက်သင်ကြားရာ နေရာတခု ဖြစ်လာနေတယ်လို့ သိရပါတယ်။
2010-12-06
မြန်မာနိုင်ငံအတွင်းက (HIV/AIDS) ရောဂါ ဝေဒနာ ခံစားနေရသူတွေအတွက် ရန်ပုံငွေရှာဖွေပွဲ တပွဲ ကို ဒီဇင်ဘာ ၄ ရက် တနင်္ဂနွေ နေ့လည်ပိုင်းက အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပခဲ့ ကြပါတယ် ။
2010-12-05
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ဟာ သူသွားလာခွင့်ရတဲ့ သာရေးနာရေး ကိစ္စတွေမှာ နောက်လိုက်ဟောင်းတွေနဲ့ အဆက်အသွယ် ရှိခဲ့တာနဲ့ ဆက်နွယ်ပြီး လုံခြုံရေးအရ ပိုမိုတင်းကြပ်တဲ့ နေရာတခုကို ပို့ဆောင် လိုက်တာ ဖြစ်နိုင်ကြောင်း အန်အယ်လ်ဒီ အဖွဲ့ဝင် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်က ဝေဖန်လိုက်ပါတယ်။
2010-12-05
ရွေးကောက်ပွဲ မတိုင်ခင်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲထည့်ရင် အစ္စလာမ် ဘာသာဝင်တွေ အနေနဲ့ လွတ်လပ်စွာ ခရီးသွားလာခွင့် ပေးမယ်ဆိုပြီး ရခိုင်ပြည်နယ်အတွင်းမှာ မဲဆွယ် စည်းရုံးခဲ့ပေမယ့် အခု ရွေးကောက်ပွဲ ပြီးချိန်မှာတော့ ကတိမတည်လို့ သံတွဲမြို့ခံတွေက မကျေနပ်ကြဘူးလို့ သိရပါတယ်။
2010-12-05
မြန်မာနိုင်ငံ အရှေ့ပိုင်းမှာ စစ်ရေး မတည်ငြိမ်လို့ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို လူသား ပင်ပေါင် ဘောလုံးသဖွယ် ထိုင်းဘက်ကနေ အချိန်မတန်ခင် အကြိမ်ကြိမ် ပြန်ပို့နေတာကို ရပ်တန့်ဖို့ အမေရိကန် အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
2010-12-05
အိန္ဒိယနိုင်ငံက လူမှု အဖွဲ့အစည်းတခု ဖြစ်တဲ့ Manav Ekta Parishat “ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ စည်းရုံးမှု” အဖွဲ့အစည်းက မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို “Queen of Myanmar Democracy and Human Rights” “မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး သူရဲကောင်းဆု” ဒီနေ့ ချီးမြှင့်လိုက်တယ်လို့ သိရပါတယ်။