သံတွဲမြို့ခံတွေ ကြံ့ခိုင်ဖွံ့ဖြိုးရေးကို မကျေနပ်

ရွေးကောက်ပွဲ မတိုင်ခင်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲထည့်ရင် အစ္စလာမ် ဘာသာဝင်တွေ အနေနဲ့ လွတ်လပ်စွာ ခရီးသွားလာခွင့် ပေးမယ်ဆိုပြီး ရခိုင်ပြည်နယ်အတွင်းမှာ မဲဆွယ် စည်းရုံးခဲ့ပေမယ့် အခု ရွေးကောက်ပွဲ ပြီးချိန်မှာတော့ ကတိမတည်လို့ သံတွဲမြို့ခံတွေက မကျေနပ်ကြဘူးလို့ သိရပါတယ်။

2010.12.05

ရွေးကောက်ပွဲ မတိုင်ခင်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေက သံတွဲမြို့နယ်အတွင်းက အစ္စလာမ် ဘာသာဝင်တွေအနေနဲ့ သူတို့ပါတီကို မဲထည့်ရင် အရင်ကလို ပုံစံ (၄) လို့ခေါ်တဲ့ နိုင်ငံခြားသားများ ခရီးသွားလာခွင့် ပုံစံ တောင်းခံစရာမလိုဘဲ လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးမယ်ဆိုပြီး မဲဆွယ်ခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲအပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အနိုင်ရသွားပြီးချိန်မှာ ခရီးသွားလာဖို့ လူဝင်မှု ကြီးကြပ်ရေးရုံးမှာ ထောက်ခံစာ ဆက်လက် တောင်းခံနေရဆဲ ဖြစ်သလို ငွေအကုန်အကျတွေလည်း ဆက်ရှိနေတယ်လို့ အစ္စလာမ် ဘာသာဝင် တဦးက အာအက်ဖ်အေကို ပြောပါတယ်။

သံတွဲမြို့ တမြို့တည်းမှာ မဟုတ်ဘဲ ရမ်းဗြဲနဲ့ ကျောက်ဖြူမြို့တွေမှာလည်း အလားတူ ခရီးသွားလာခွင့် တောင်းခံနေရတုန်း ဖြစ်တယ်လို့ ဆိုပါတယ်။ ခရီးသွားထောက်ခံစာ တောင်းခံရာမှာ ရန်ကုန်မှာ ကျောင်းတက်ဖို့ သွားမယ့် ကျောင်းသူကျောင်းသားတွေနဲ့ ကျန်းမာရေးအတွက် ဆေးကုသွားကြမယ့် အစ္စလာမ် ဘာသာဝင်တွေ အခက်ကြုံနေကြရတယ်လို့ ပြောပါတယ်။

အခုလို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်တွေ ကတိမတည်တဲ့အပေါ် မကျေမနပ် ဖြစ်ရတယ်လို့ သံတွဲမြို့ခံတွေက ပြောဆိုနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-04-10 19:58

သတင်းဖော်ပြချက်က မှားနေပါတယ် သံတွဲမြိုမှာ မွတ်စလင်တွေနေလိုမရပါ.. တခြားမြိုမှလို ပြောင်းလဲဖော်ပြသင့်ပါတယ်

Anonymous
2010-12-06 01:08

သံတွဲမြို့ခံတွေလို့ သုံးမယ့် အစား သံတွဲမြို့မှ မွတ်ဆလင် တွေ သုံးသင့်ပါသည်။ သံတွဲမြို့ ဆိုတာ မွတ်ဆလင်မြို့ မဟုတ်ပါဘူး။